ချစ်ခြင်းတို့၏ အဆုံးသတ်မှတ်ချက်
ဆုံတွေ့ခွင့် မရနိုင်သေးတဲ့
အချိန်ခဏမှာ ငါတစ်ယောက်ထဲ
လွမ်းနေတာကို
မိုးစက်တွေအသိဆုံးပါ………………။
         မတွေ့နိုင်တဲ့ ရက်တွေမှာ အတွေးတွေကို ညီမလေးအကြောင်းပဲ အမြဲစိုးမိုးထားတယ်။အမြန်ဆုံချင်ပေမယ့်
မဖြစ်နိုင်သေးတဲ့ အချိန်မို့ ဒီလိုပဲလက်လျှော့ထားရတယ်။ကောင်းကင်ကြယ်လင်းတဲ့ နေ့မှာ ပြန်ဆုံဖို့ ကတိထားခဲ့ပေမယ့်
စက်တင်ဘာစီးတဲ့ နက္ခတ်က အသည်းကွဲသီချင်းတစ်ပုဒ်ဖြစ်ခဲ့ရင်တော့ ဒီတေးကို မဆိုချင်ဘူး ညီမလေး။
ချိုမြိန်သော အချစ်ကြောင့်
နှလုံးသားပျိုးခင်းမှာ
နှင်းဆီတွေ အပြိုင်းအရိုင်းပွင့်နေလေရဲ့.။
       အချစ်ရဲ့သင်္ကေတကို နှင်းဆီနီနဲ့ ဖော်ကြူးတယ်ဆိုရင် အစ်ကို့ နှလုံးသားဟာ ညီမလေးအတွက် ချစ်ခြင်း၏တည်ရာဖြစ်သည်။နေခြည်ဖြာမှ လန်းတယ်လို့ထင်ရင် အစ်ကို့ရင်ခွင်ဟာ ညီမလေးအတွက် အလင်း၏တည်ရာဖြစ်သည။်အမြင့်ကို လှမ်းတက်ချင်သော နတ်သမီးအတွက် ပို့ဆောင်ပေးမယ့် တောင်ပံတစ်စုံဖြစ်ပေးချင်
သော ခံစားချက်ကို ညီမလေးသိစေချင်သည်။ပြန်သာလာခဲ့ပါ ကြိုနေမယ့် အသိုက်အမြုံတစ်ခု ကိုယ့်လက်နဲ့ ထုဆစ်ထားတယ်။ငါတို့ဆုံတွေ့ခဲ့တဲ့ မနက်မှာ နှလုံးသားထဲမှာ နှင်းဆီနီတွေပွင့်နေကြတာ အပြိုင်းအရိုင်း…………….။
လရောင်ရေ……….
ကောင်မလေးတစ်ယောက်ကို
ငါဘယ်လောက်ထိ မြတ်နိုးတယ်ဆိုတာ
ငါ့ကိုယ်စားပြောပေးပါ…………………။
  မထင်မှတ်တဲ့ နေ့တစ်ခုမှာ မျှော်လင့်မထားသောကောင်မလေး တစ်ယောက်ကို စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီတွေ့ဆုံခဲ့မှုအတွက် ကျွှန်တော်ဘယ်လောက်ထိ ချစ်မိခဲ့တယ်ဆိုတာမသိခဲ့ပါဘူး။ သူ့အတွက် အရူးတစ်ယောက်လို ဖြစ်နေခဲ့တာတွေ အပါအ၀င်ပေါ့။ကျွှန်တော် အဲဒီ့ကောင်မလေးကိုတကယ်ချစ်ခဲ့တာပါ။အခုထိလည်းချစ်နေဆဲပါပဲ၊  နောက်လည်းချစ်နေအုန်းမှာပါ။ဒါပေမယ့် ကောင်မလေးကတော့ ကျွှန်တော့်ရဲ့ချစ်ခြင်းတွေကို မယုံကြည်ခဲ့ပါဘူး။တကယ်မြတ်နိုးခဲ့တာတွေကို ဟုတ်ကောဟုတ်ရဲ့လားဆိုတဲ့ ယုံမှားသံသယတွေနဲ့ မေးခွန်းတွေထုတ်၊
ခံစားချက်ကတော့ အရုပ်တစ်ရုပ်မဟုတ်ခဲ့ပါဘူးဆိုတာ သူယုံကြည်ပေးသင့်ပါတယ်.။
အနီးဆုံးမှာပဲ နေချင်ခဲ့တာပါ
အခုတော့ အဝေးကပဲ
ကဗျာတွေနဲ့ အလွမ်းဖြေ
ရေးထားတဲ့ ကဗျာတွေမှာ
ငါ့အချစ်တွေပျော်ဝင်နေတယ်…………………….။
မိုးတိမ်ကဗျာ

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
အရမ်းမိုက်တယ်