Professional Authors

မဖတ်နဲ့…….နံမယ်

နင်းလိုက်စမ်းပါ
ငါ့ရင်ခွင်ကို
ခပ်..နက်..နက်..လေး

ရိုက်လိုက်စမ်းပါ
ဒီပါးတစ်ခြမ်းကို
ခပ်..ပြင်း..ပြင်း..လေး

ဟားလိုက်စမ်းပါ
ငါ့အားနည်းချက်တွေကို
ခပ်..ရဲ..ရဲ..လေး

သမုတ်လိုက်စမ်းပါ
ဒီအခွက်ကြည့်ပြီး
ခပ်..ရိုင်း..ရိုင်း..လေး

မုန်းလိုက်စမ်းပါ
ဒီငတုံးကို
ခပ်..ပြတ်..ပြတ်..လေး

ပြီးရင် ပဲရှိတယ်လို့
သေတဲ့ထိ..အရိုးစွဲ..နေမယ့်ကောင်
မင်းမာယာအခန်းငယ်မှာ
အကြိမ်..ကြိမ်  လက်နက်ချခဲ့ဖူးပြီ
တုန့်ပြန်မှုအလံဖြူကတော့
ချုပ်ခံထားရသတဲ့…..
မင်း..လိမ်စဉ်  ဒါအကုန်ဘဲလား
ရှိသေးရင်  ထပ်  လိမ်  ပါဦး
မင်း..အခွဲ..ခံ..ဖို့..ငါ့အသည်းကို…ကျန်းမာရေး….ဂရုစိုက်ပေးထားတယ် ။

21st August,2011.
8:00 pm
( ရင်ဘတ်ထဲက အန်ထွက်လာတဲ့ စကားလုံးတွေမို့ နည်းနည်းတော့နံတယ်ဗျာ ဒါကြောင့်မဖတ်နဲ့လို့ပြောတာ ။)

In: ကဗျာ Posted By: Date: Aug 22, 2011
Comment #1

မင်း..အခွဲ..ခံ..ဖို့..ငါ့အသည်းကို…ကျန်းမာရေး….ဂရုစိုက်ပေးထားတယ် ။
အားပေးသွားတယ်ဗျာ
ရင်ဘက်ထဲက ထွက်လာတဲ့ စကားလုံး အနံ တွေ ကို သဘောကျတယ် ဗျာ

Comment #2

၁ ပြီးရင် ၁ ပဲရှိတယ်လို့
သေတဲ့ထိ..အရိုးစွဲ..နေမယ့်ကောင်
မင်းမာယာအခန်းငယ်မှာ
အကြိမ်..ကြိမ် လက်နက်ချခဲ့ဖူးပြီ
..ကြိုက်တယ်ဟေ့

commentinfo By: အသဲကွဲမိုး at Aug 22, 2011
Comment #3

ကောင်းတယ် အရမ်းကောင်းတယ်
အားပေးသွားတယ်………X-Yay ရေ

commentinfo By: sitayenyein at Aug 22, 2011
Comment #4

မင်း..လိမ်စဉ် ဒါအကုန်ဘဲလား
ရှိသေးရင် ထပ် လိမ် ပါဦး
မင်း..အခွဲ..ခံ..ဖို့..ငါ့အသည်းကို…ကျန်းမာရေး….ဂရုစိုက်ပေးထားတယ် ။
မိုက်တယ်ဗျာ…အားပေးသွားပါတယ်..

commentinfo By: ချမ်းငြိမ်းအောင် at Aug 22, 2011
Comment #5

၁ ပြီး ရင် ၁ ပဲ ၇ှိမယ် လို့ သေတဲ့ အထိ အရိုး စွဲနေမဲ့ကောင်…………
အနံ ခံ ပြီး ဖတ်သွားပါ တယ်………

commentinfo By: nwenyeinaye at Aug 22, 2011
Comment #6

အားပါးပါး ကောင်းလိုက်တာဗျာ
အားပေးသွားပါတယ်။ကြိုက်တယ်။

commentinfo By: poem.poem28 at Aug 22, 2011
Comment #7

အားပေးသွားတယ်ဗျာ…..။

Comment #8

သေ​ဘာက်​တယ္ဗ်ာ ေ​နာက္လဲ​ဒီ​လို​ကဗ်ာ​ေ​လး​ေ​တြမ်ားမ်ား​ေ​ရး​ႏိဳင္ပါ​ေ​စ ————

commentinfo By: zawmyolwin at Aug 22, 2011
Comment #9

ရော်…ခက်တော့နေပြီ နံမှာစိုးလို့ မဖတ်ပါနဲ့ပြောတာကို ဖတ်သွားတယ် ကျွန်တော့ရင်ဘတ်ထဲက စကားလုံးနံနံလေးတွေကို အောင့်အီးဖတ်ပေးသွားကြတဲ့ လုလင်ငယ်သွေး ၊ အသဲကွဲမိုး ၊ စစ်အေးငြိမ်း ၊ ချမ်းငြိမ်းအောင် ၊ နွယ်ငြိမ်းအေး ၊ ကိုရဲမင်း ၊ ကိုဇော်သက်ဦး ၊ ကိုဇော်မျိုးလွင် တို့အားလုံးကို ကျေးဇူး အများကြီး အများကြီး တင်ပါတယ် ။ ကျွန်တော့ကဗျာလေး ဖတ်ရှုသူ ၊ ဖတ်ရှုအားပေးသူ ၊ မဖတ်ရှုသူ အားလုံး စိတ်အေးချမ်းပါစေ ။

commentinfo By: X - ray at Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment