Professional Authors

ဗရုတ်သုတ်ခ သင်္ကြန်

ဒီရင်ဘတ်..

ခပ်နက်နက်လဲ

အသားမာတတ်တာပဲလား.။။။။။။

 ဘာလဲဟ …နွေဦး သင်္ကြန်

ငါ့အတွက်…လေရူးတိုက်ချိန်

ပိတောက်ပွင့်ချိန်လောက်ပဲ

အသိဝင်တယ်။။။။။။။။။

 ရေကစားပွဲတဲ့

လူကသာ ခိုက်ခိုက်တုန်မယ်

ရင်တွေတော့ ပူနေကောင်းရဲ့။။။။။။။

 ဘာတစ်ခု မလိုချင်ဘူး

အနားမှာ မနေနိုင်တောင်

ချစ်သူ့ အဓိပ္ပါယ်လေး အနည်းငယ်ပေါ်အောင်

ရေလေးတစ်ခွက်…

ဟင့်အင်း..တစ်ပေါက်လောက်ပဲ

နင်မလောင်းတောင်

စင် တဲ့သဘောလောက်လေး ငါစိုချင်တယ်

ခက်တာက…စိုချင်တယ်ပြောရလောက်တဲ့

ပြောပိုင်ခွင့်တောင်ပြောခွင့်မရှိတာ။။။။။။

 ချမ်းတုန်နေတုန်း

ရင်ခွင်တစုံတော့ လိုအပ်ကောင်းတယ်

ှရှိရက်နဲ့ မရှိတဲ့ ငါ

အေးစက်နေမဲ့တူတူ

မနွေးထွေးမဲ့တူတူ

.ကြိုးတစ်ချောင်း

ဘောင်းဘီတိုလောက်နဲ့ ဆို

ချမ်းရကျိုးနပ်လောက်တယ်။။။။။။။။။။။။။။။။။။။။

 ခရီးထွက်မယ်..

မိသားစုစုံလို့တဲ့

အဟက်…

ငါရီနေကျ

ရင်ဟက် သံတစ်ချက်ပဲ ငါတတ်စွမ်းတယ်..

စုံရက်တယ်

ဒီရက်ကျမှလားဟာ..

နင်ရည်၇ွယ်တာလား..

တမင်လုပ်တာလား…

သက်သက်မဲ့လား

နင်နဲ့တန်တာ ဒီမေးခွန်းပဲရှိတယ်။။။။။။။။။။။။။။။။

 လွတ်လပ်ခွင့် ဟုတ်လား..

ငါ့လောက်လိုက်လျော တဲ့လူဆီ

လွတ်လပ်ခွင့် နင်ထပ်တောင်းနေရင်

နင် လန်ကွတ်တီသာ ၀တ်နေလိုက်တော့

ရှင်းလား…..အမြင်လဲရှင်းသွားအောင်။။။။။။

 သွား…..

………..သိပ်……သွား……ချင်….နေ…ရင်

သွား……

……………………….

နှုတ်ခမ်းနီနီ….လက်သည်းမဲမဲ..

ဆံပင်စောင်းစောင်း

ကြိုးတစ်ချောင်း

ဘောင်းဘီတိုလောက်တော့

ငါ့လဲ

လွတ်…

လပ်….

ခွင့်…

ပေးလိုက်….နင့်လဲ

ဘာတစ်ခုမှ မပြောပဲ

ဒီပါးစပ် ဘီယာ လောက်နဲ့ပိတ်ထားလိုက်မယ်…..

 နင်မဲ့ တဲ့ (ဆိုလို၇င်း နင်မရှိတဲ့)

ငါ့ရဲ့ ဗရုတ်သုတ်ခ သင်္ကြန်ပွဲ………………

In: ကဗျာ Posted By: Date: Aug 19, 2011
Comment #1

ရေလေးတစ်ခွက်…

ဟင့်အင်း..တစ်ပေါက်လောက်ပဲ

နင်မလောင်းတောင်

စင် တဲ့သဘောလောက်လေး ငါစိုချင်တယ်

ခက်တာက…စိုချင်တယ်ပြောရလောက်တဲ့

ပြောပိုင်ခွင့်တောင်ပြောခွင့်မရှိတာ။။။။။။

commentinfo By: May Kha at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment