Professional Authors

ကြာပေမယ့်လည်း

ကြာခဲ့ပါပြီဗျာ..

ဒီလိုပါပဲ

အမှားတွေကလဲပြင်မရခဲ့တာ

ရိရွဲပျော်ကျသွားတဲ့ နောင်တတွေ

စိတ်ရှိတိုင်း ပြောမထွက်ဖြစ်ခဲ့တဲ့ စကားတွေက

လည်ချောင်းထဲ တစ်ဆို့ ဆို့နဲ့။

ထူးမခြားနားတဲ့ အဖြစ်အပျက်တွေပါပဲ

စိတ်လိုလက်ရ မရှိတဲ့ ညနေခင်းတွေမှာ

ဝင်သွားတဲ့ နေမင်းကြီးထိုင်ကြည့်ရင်း

သတိရနေတဲ့ စိတ်က မူမမှန်ပြန်ဘူး ။

ဒီလိုပါပဲ

ကြာခဲ့ပါပြီ

စိတ်လိုလက်ရ ဖြစ်နေတဲ့ နေ့တစ်နေ့မှာပေါ့

ကျွန်တော် ပြောနေခဲ့တာတွေ မေ့ထားလိုက်ပါ။

စိတ်ရှိတိုင်း ပြောမထွက်ဖြစ်ခဲ့တဲ့ စကားတွေက

ကဆုန်ပေါက် စိုင်းပြေးရင်း သွန်ကျလို့  ။    ။

In: ကဗျာ Posted By: Date: Aug 18, 2011
Comment #1

ကဗျာလေး ကောင်းတယ်ဗျာ….
အားပေးသွားပါတယ်ဗျ။

commentinfo By: moehtetaung18 at Aug 18, 2011
Comment #2

really nice.

so long…but stay alive forever.

commentinfo By: ei lay at Aug 19, 2011
Comment #3

စိတ်လိုလက်ရ မရှိတဲ့ ညနေခင်းတွေမှာ

ဝင်သွားတဲ့ နေမင်းကြီးထိုင်ကြည့်ရင်း

သတိရနေတဲ့ စိတ်က မူမမှန်ပြန်ဘူး ။

commentinfo By: May Kha at Aug 19, 2011
Comment #4

အရမ်းကောင်းတယ်

commentinfo By: စုနိုင် at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment