Professional Authors

မပေးဖြစ်ခဲ့တဲ့

မေးမယ် မေးမယ်နဲ့ မမေးဖြစ်ခဲ့တဲ့ “ချစ်လား “ဆိုတဲ့စကား
မမေးခင် ကိုယ့်ကိုယ်ကို ပြန်မေးဖြစ်တယ်
တကယ် ချစ်ရဲ့လား….

ပေးမယ် ပေးမယ်နဲ့ မပေးဖြစ်ခဲ့တဲ့ “လက်ဆောင်ပစ္စည်းလေး
မပေးခင် ကိုယ့်ကိုယ်ကို ပြန်ပေးလိုက်တယ်
တကယ်ရော တန်ဖိုးထားရဲ့လား…..

နမ်းမယ် နမ်းမယ်နဲ့ မနမ်းဖြစ်ခဲ့တဲ့ “သူ့ပါးပြင်မို့မို့လေး
ကိုယ်မနမ်းခင် ကိုယ့်ကိုယ်ကို ပြန်နမ်းမိတယ်
ကိုယ့်ကိုယ်ကို ပြန်မေးဖြစ်တယ်
တိုင်းတစ်ပါး လာနမ်းသွားမှာ မလိုလား
ဘယ်လိပ်ပြာမှ သူ့ဘေးနား
မ၀ဲစေချင်တာ ကိုယ့် စိတ်ရင်းလားလို့…..

မမေးဖြစ်ခဲ့တဲ့ စကား နင့်နားနဲ့ ဆတ်ဆတ်ကြားနိုင်အောင်လို့
ဖွင့်ပြောမယ့် နုတ်ပါးစပ်တို့
အကြိမ်ကြိမ် ကွင်းဆင်း လေ့ကျင့်

မပေးဖြစ်ခဲ့တဲ့ ပစ္စည်း ပေးဖို့ရည်ရွှယ်ထား
နှစ်ရှည်လရှည် ကိုယ်သိမ်းထားတာ ကြာ
မဟောင်းနွမ်းသေးခင် နင့်လက်ထဲအရောက်
ကိုယ်ထည့်ပေးချင်တာ….
ဒါပေမယ့် နင့်ရှေ့ရောက်တိုင်း လှမ်းပေးမယ့်လက်
တွန့်ဆုတ်လို့ နင်မမြင်ခင် ခါးကြားထဲ ထိုးထည့်

မနမ်းဖြစ်ခဲ့တဲ့ ပါး
ကိုယ်က နမ်းဖို့ ချိန်ထား
သူ့ညာဖက်လက်သီး
ငါ့ညာဖက်ပါးပေါ် ပူပူနွေးနွေး ပစ်ထည့်…….

အဆိုးဆုံးက ကိုယ်ကမပေး
သူက အရင်ပေးသွားတဲ့
ငါ့ညာဖက်ပါးပေါ်က ပူပူနွေးနွေး…

တစ်နေ့နေ့တော့ နင့်လက်ထဲအရောက်ထည့်ပေးချင်
တစ်နေ့နေ့တော့ နင်ကြားရမှာပါ ချစ်တယ်ဆိုတဲ့ စကား
တစ်နေ့နေ့တော့ နင်ကြည်ဖြူလာမှာပါ (ကတုံး) အနမ်းများ…..
                                                                   

In: ကဗျာ Posted By: Date: Jan 22, 2011
Comment #1

ကြည်ဖြူလာပါစေ….နော် (ကတုံးလေး) အားပေးနေတယ်

commentinfo By: အသဲကွဲမိုး at Jan 24, 2011
Comment #2

ကြည်ဖြူလာမှာပါနော်.။.
ကျေးဇူးပဲ အသဲ…..

commentinfo By: gadounlay at Feb 17, 2011
Comment #3

တစ်နေ့နေ့တော့ နင်ကြည်ဖြူလာမှာပါ ////////

commentinfo By: chityellusoelay at Aug 19, 2011
Comment #4

he,,he,,

commentinfo By: ei lay at Feb 12, 2012
Comment #5

😛
ချော့ချော့မော့မော့ပေးတယ်နော်
မယူလဲနေဟာ
အတိုးနဲ့ပေါင်းယူပစ်မယ်
ပြီးမှရက်စက်တယ်လာပြောနဲ့နော်
ဒါဗြဲ

commentinfo By: ei lay at Mar 9, 2013
Comment #6

nice

commentinfo By: laminlay at Mar 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment