Professional Authors

အားနာတယ်…

မချစ်တတ်တော့ပါ
အချစ်ငတ်ခဲ့တာအခါခါမို့
အမှတ်မရှိတဲ့ငါ
ဒဏ်ရာတွေမများချင်တော့ဘူး
အချစ်ရူးလဲမဖြစ်ချင်ပါ….

ချစ်ဆိုတာ…
အိပ်မက်တစ်ခုသာသာမို့
နင်ရက်ရောရင်တောင်
ငါ မမက်မောရဲတော့ပါဘူး
အချစ်ဆူးမှာကြောက်တယ်

ကောင်လေးရယ်
အားမငယ်ပါနဲ့
ခါးပမယ်ဆိုမှ
ဘာလို့ မြိုချချင်ရတာလဲ
ငါ နင့်အသဲကို မခွဲချင်ဘူးကော…..

မရူးချင်ပါနဲ့
မရှိတဲ့အရာတောင်းမှတော့
ငါ ဘယ်လိုအရောင်ပြောင်းပေးရမလဲ
ဘယ်တော့မှ မဟောင်းမဲ့သံယောဇဉ်တွေကို
သူငယ်ချင်းလိုပဲကျေနပ်ပါတော့….

In: ကဗျာ Posted By: Date: Oct 13, 2009
Comment #1

ကဗျာလေးကို အရမ်းကြိုက်တယ်…..
ကျေးဇူး ကျေးဇူး …….
နောက်လဲ ထပ်ရေးပေးပါအုံးနော့….:D

commentinfo By: win elephant at Aug 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment