Professional Authors

ကံစေရာ

ခေါင်းစဉ် အတိအကျ တပ်မရတဲ့

အနာဂါတ်ကို ငါမျှော်လင့်ရင်း…….

မရေရာတဲ့ လက်ရှိဘ၀ကို

အလိုလို မျိုချမိနေရဲ့။         

ဒီနေ့မှာ  အကောင်းဆုံးပြင်ဆင်ခဲ့သလို…….

မဆင်မခြင် ခြေလှမ်းတွေနဲ့ အရာရာကို သွန်ချပစ်ခဲ့။        

လူတိုင်းဟာ မနက်ဖြန်အတွက်

အားမာန်တွေ တက်ခဲ့ရတာ။          

အကောင်းအဆိုးဆိုတာလည်း…….

သံသရာအကြောင်းအကျိုးထင်ပါရဲ့။                     

ပစ္စုန်ပ္ပန်မှာ တက်ကျိုးတော့ …….

ဘယ်လို လူတွေကများ

လက်ထိုးလှော်ခဲ့ကြသလဲ?

တက်ကျိုးတော့ လက်ထိုးလှော်

လက်ကျိုးတော့ ဘာကို……

ဆက်အားကိုးမလဲ?။            

ဆုတောင်းတွေ မိုးမွှန်လည်း

ကံကောင်းခြင်းဆိုတာ …….

ပင်လယ်ထဲဘဲ ရွာရွာချနေတော့တာ။           


                                                          စစ်အေးငြိမ်း 

 

In: ကဗျာ Posted By: Date: Aug 18, 2011
Comment #1

ခေါင်းစဉ် အတိအကျ တပ်မရတဲ့

အနာဂါတ်ကို ငါမျှော်လင့်ရင်း…….

မရေရာတဲ့ လက်ရှိဘ၀ကို

အလိုလို မျိုချမိနေရဲ့။ ။

ဒီနေ့မှာ အကောင်းဆုံးပြင်ဆင်ခဲ့သလို…….

မဆင်မခြင် ခြေလှမ်းတွေနဲ့ အရာရာကို သွန်ချပစ်ခဲ့။ ။

commentinfo By: May Kha at Aug 18, 2011
Comment #2

ငါ့ ခံစားချက်တွေနဲ့အရမ်းတိုက်ဆိုင်နေတယ် အရမ်းကောင်းတယ်

commentinfo By: စုနိုင် at Aug 20, 2011
Comment #3

ဆုတောင်းတွေ မိုးမွှန်လည်း
ကံကောင်းခြင်း ဆိုတာ ပင်လယ်ထဲ ပဲ
ရွာရွာ ချနေတော့တာ….

commentinfo By: nwenyeinaye at Aug 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment