လူ
လူ
လူရယ်လို့ဖြစ်လာတဲ့
လူ့ဘ၀မှာ
လူလိုနေ
လူလိုသေဖို့
လူ့မိသားစု
လူ့ပတ်ဝန်းကျင်
လူ့အသိုင်းဝိုင်း
လူ့အဆင့်တန်း
လူလူချင်းအတူတူဖြစ်ဖို့
လူတွေနေတဲ့
လူ့တိုင်းပြည်မှာ
လူတွေအုပ်ချုပ်ဖို့
လူတွေခေါင်းဆောင်ဖို့
လူလိုသိ
လူလိုကျင့်
လူပီသဖို့
လူ့အကြင်နာတရား
လူ့နှလုံးသား
လူဖြစ်ကြောင်းပြဖို့
လူတွေရဲ့ယုံကြည်ချက်
လူတွေရဲ့ မျှော်လင့်ချက်
လူတွေရဲ့ အိမ်မက်
လူတွေရဲ့ စကားကို
လူတွေကြားဖို့
လူတွေရဲ့ သတင်းကို
လူတွေနားစွင့်ဖို့
လူမဆန်တဲ့လုပ်ရက်တွေ
လူမိုက်တွေ
လူယဉ်ကျေးတွေ
လူပညာရှိတွေ
လူအရိုင်းစိုင်းတွေ
လူမဟုတ်တဲ့လူတွေ
လူဟုတ်တဲ့လူတွေ
လူနဲ့တူတဲ့လူတွေ
လူနဲ့မတူတဲ့လူတွေ
လူထက်မြင့်မြတ်တဲ့လူတွေ
လူထက်အောက်တန်းကြတဲ့လူတွေ
လူဆင်းရဲတွေ
လူချမ်းသာတွေ
လူလိမ်တွေ
လူဖြောင့်လူမှန်တွေ
လူဆိုးလူမိုက်တွေ
လူတော်လူကောင်းတွေ
လူဆိုတာအမျိုးမျိုး
လူတယောက်
လူတစု
လူသားအားလုံး
လူဖြစ်ဖို့လို့တယ်
ခင်ဗျားတို့သိတဲ့လူတွေ
ကျတော်တို့သိတဲ့လူတွေ
ခင်ဗျားတို့ ဘယ်လိုလူတွေလဲ
ကျတော်တို့ ဘယ်လိုလူတွေလဲ
ဘာဘဲဖြစ်ဖြစ်
လူစစ်စစ်တော့ ဖြစ်ဖို့လိုတယ်
လူသားအားလုံးလူဖြစ်နိုင်ကြပါစေ.
Comment #2
yae yae le le special par
By: ei lay at Nov 16, 2011




Comment #1
ဘာဘဲဖြစ်ဖြစ်
လူစစ်စစ်တော့ ဖြစ်ဖို့လိုတယ်