Professional Authors

အိပ်ပျက်ည

မှောင်လိုက်တဲ့…ည
အရာအားလုံးတိတ်ဆိတ်……လို့
အိပ်ယာကိုမြင်နေရပေမယ့်
အိပ်လို့မရတာကိုက ၀ဋ်တမျိုးထင်ပါရဲ့
ကိုယ့်ဘာသာကိုယ်ရှာမိတဲ့အပူက
ကိုယ့်ကိုပြန်လောင်မြိုက်နေပြီ
ဒါပေမယ့်လေ………
အစကတော့အပူလို့မှမထင်ခဲ့မိပဲကိုး….
ကြယ်ရောင်အောက်ကနေ
ချစ်သူကိုလွမ်းရတာမှာ
ဒီတခါက အခါးသက်ဆုံးပဲ…
သူကတော့အိပ်မက်မက်နေမှာလားမသိ
ကိုယ့်မှာတော့………..
လမ်းခွဲတဲ့နေ့မှာကျန်ခဲ့တဲ့စိတ်ဝိညာဉ်ကို
ခုထိပြန်မခေါ်နိုင်ပဲ
အိပ်ပျက်ညတို့သာထပ်လျှက်………………..။                        ။

In: ကဗျာ Posted By: Date: May 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment