Professional Authors

သုညတွေနဲ့ ကျွန်တော်

ဝ+၀ = ဝ
ဝ-၀ = ဝ
ရလဒ်တူပေမဲ့ ရလဒ်မတူပြန်ဘူး

သုညထဲက သုညနှုတ်တာ
ဘာမှ မရှိတဲ့ သုညရတယ်
သုညအပေါင်း သုညကတော့
အသစ်သော သုည ကို ရတယ်

ခင်ဗျားရော ဘ၀မှာ ဘယ်လိုသုညတွေ ရဖူးလဲ
အသစ်သုညလား
ဘာမှ မရှိတဲ့ သုညလား

ဘဝတစ်လျှောက်လုံး ကျွန်တော်
ငိုခဲ့ဖူးတယ် ရယ်ခဲ့ဖူးတယ်
ပျော်ရွှင်ခဲ့ဖူးတယ် ဝမ်းနည်းခဲ့ဖူးတယ်
အောင်မြင်ခဲ့ဖူးတယ် ရှုံးနိမ့်ခဲ့ဖူးတယ်
မြင့်ခဲ့ဖူး နိမ့်ခဲ့ဖူး ကျခဲ့ဖူး တက်ခဲ့ဖူး
အများ ….. အများကြီး … ဖူးတယ်

နောက်ဆုံး ကျွန်တော် ရလိုက်တဲ့ အဖြေတခု
………… သုည တဲ့

ဒါပေမဲ့ အခုချိန်ထိ
အဲဒီ သုညဟာ
ပေါင်းလို့ရတဲ့ သုညလား
နှုတ်လို့ရတဲ့ သုညလား
ကျွန်တော် ဝေဝေဝါးဝါး ဖြစ်နေဆဲပါပဲ

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: May 11, 2010  
Comment #1

nice

commentinfo By: rocker at May 11, 2010
Comment #2

အသစ်သောသုည ….
ဘာမှမရှိတဲ့ သုည နဲ့ အသစ်သောသုည ??????????????

သုညရဲ့ နစ်နိမ်းအသစ်ကတော့ ဇ ၁ ဂွဲ ….
😀 ဘာမှလဲ မဆိုင်ဘူး။
ကျွန်တော်ဖတ်ကြည့်သွားပါတယ်။

commentinfo By: Za TaGwel at May 12, 2010
Comment #3

ကျွန်တော်လဲ နားမလည်မှုများစွာထဲက သုညတစ်ကောင်ပါပဲ။

commentinfo By: Angwei at May 12, 2010
Comment #4

အသစ်သုညလား
ဘာမှ မရှိတဲ့ သုညလား
သိဘူး.. ဘာမှသိဘူး.. စိတ်ညစ်နေတယ်ခုတော့.. ဗြဲဗြဲ…..

commentinfo By: melodyphyO at May 13, 2010
Comment #5

I know what you mean.But, I do not know ( 0) surely myself.

commentinfo By: mie at Aug 4, 2010
Comment #6

စဉ်းစားစ၇ာပေးတဲ့ ကဗျာလေးမို့ နှစ်သက်မိတယ်

commentinfo By: သော်တာ at Aug 15, 2010
Comment #7

00000000

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #8

သုညထဲက သုညနှုတ်တာ
ဘာမှ မရှိတဲ့ သုညရတယ်
သုညအပေါင်း သုညကတော့
အသစ်သော သုည ကို ရတယ်

ခင်ဗျားရော ဘ၀မှာ ဘယ်လိုသုညတွေ ရဖူးလဲ
အသစ်သုညလား
ဘာမှ မရှိတဲ့ သုညလား

commentinfo By: May Kha at Feb 18, 2012
Comment #9

အင်း ဘာမှန်းသေချာမသိပေမဲ့ သုညတစ်လုံးတော့ ကျွန်တော် ရခဲ့ဖူးတယ်။ ပေါင်းလို့ရတဲ့ သုညလား နှုတ်လို့ရတဲ့ သုညလားဆိုတာက အရေးမကြီးပါဘူး နောက်ဆုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် သုညပဲဆိုတာ သိရင်ပဲ ကျေနပ်ဖို့ ကောင်းပါတယ်လေ။

commentinfo By: chiron at Feb 18, 2012
Comment #10

တကယ်ကြိုက်တယ်ဗျာ .. ကျွန်တော်နဲ့ ခပ်ဆင်ဆင်ဖစ်နေတယ် .. မိုက်တယ် .. 🙂

commentinfo By: A Chaw Kin at Nov 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment