Professional Authors

အလွမ်းတူမယ်

လမ်းတူတယ်
အိမ်မက်ကိုစပ်စို့
အကြင်နာကိုထပ်ပို
အချစ်ကိုရင်းလို့
ရည်ရွယ်ရာ သွားစို့ ။

ချစ်သူ
လမ်းတူတယ်
ရည်ရွယ်ချက်တို့တူ
အချစ်တို့လည်းတူ
အိမ်မက်တို့လည်းတူ
ရင်ဘတ်ချင်းလည်းတူ
မကြောက်တမ်းစမယ်
ဘ၀တိုက်ပွဲမို့ … ။

ချစ်သူ
အလွမ်းတူတယ်
မပျက်မယွင်း
ချစ်ခြင်းဆိုတာ
သာယာပျော်ရွှင်
ခနဆုံခိုက် ပျော်ပိုက်သော်လည်း
ရေမြေတွေခြား
ဆွေးစကားနဲ့
ခနနှုတ်ဆက်ချိန်
ဒီ့နောက်
အလွမ်းဆိုတာ
တွန်းပေးတယ်လေ
ပိုပိုချစ်တတ်လေအောင် …
ဒါ့ကြောင့်
အလွမ်းတူကြစို့…

In: ကဗျာ Posted By: Date: Aug 15, 2011
Comment #1

ကောင်းတယ်ဗျာ
အလွမ်းဆိုတာ
တွန်းပေးတယ်လေ
ပိုပိုချစ်တတ်လေအောင် …
ဒါ့ကြောင့်
အလွမ်းတူကြစို့…
တွေးတောင်မတွေးမိဘူး ကောင်းတယ်အားပေးသွားပါသည်

Comment #2

ဒီ့နောက်
အလွမ်းဆိုတာ
တွန်းပေးတယ်လေ
ပိုပိုချစ်တတ်လေအောင် …
ဒါ့ကြောင့်
အလွမ်းတူကြစို့…
ok တူကြမယ်လေ တူအောင် ဘယ်လိုလွမ်းရမလဲ ဆိုတာလဲ ပြောအုံးလေ….
အားပေးနေတယ်နော်

commentinfo By: မယ်မနော at Aug 16, 2011
Comment #3

lone wa mike de.
lone wa mike de.
he..he..
kyike,,,kyike,,,kyike,,,

commentinfo By: ei lay at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment