Professional Authors

မင်းနဲ့ငါ

မင်းကိုပြောပြဖို့
ပုံပြင်တွေအများကြီး ငါဖတ်ဖူးခဲ့တယ်၊
အခွင့်အရေးမရလိုက်ပါဘူး…ပုံပြောကောင်းခဲ့တဲ့သူက
မင်းဖြစ်ခဲ့တယ်လေ။     ။

မင်းကိုပြောပြဖို့
ရယ်စရာဟာသတွေအများကြီး ငါဖတ်ဖူးခဲ့တယ်၊
အခွင့်အရေးမရလိုက်ပါဘူး…ငါ့ဘ၀ကိုလှောင်ရယ်ခဲ့တဲ့သူက
မင်းဖြစ်ခဲ့တယ်လေ။     ။

မင်းကိုဖတ်ပြဖို့
ကဗျာတွေအများကြီး ငါရေးခဲ့ဖူးပါတယ်၊
အခွင့်အရေးမရလိုက်ပါဘူး…မင်းပြောခဲ့တဲ့ ကဗျာတစ်ပုဒ်နဲ့
ငါ…ကျန်ရစ်ခဲ့တယ်လေ။     ။

မင်းဝမ်းနည်းနေတာကို
နှစ်သိမ့်ဖို့ ငါကြိုးစားခဲ့ဖူးပါတယ်၊
အခွင့်အရေးမရလိုက်ပါဘူး…မင်းထားခဲ့တဲ့ ဘ၀တစ်ခုနဲ့
အထီးကျန်ခဲ့တဲ့သူက…….။     ။

In: ကဗျာ Posted By: Date: Sep 29, 2012
Comment #1

ခံစားအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Sep 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment