Professional Authors

ရင်မနာအစဉ်သာရှိနေမှာ

မှောင်မိုက်တဲ့လောကြီးကိုအံတုပြီးရောက်လာ
နှင်းစက်တွေတစ်ဖြောက်ဖြောက်ကျနေခဲ့
ညအမှောင်လမှောင်မှောင်ကြီးမှာ
အမေ.ရင်ခွင်မှာခိုလှုံတိုးဝင်နေခဲ့။

စွန်.ပစ်ခံအပယ်လူသားဘဝ
ကျွန်တော်ဘေးနားမှာအဖေ..ရှိမနေခဲ့
မသိနားမည်ခဲ့လို့လောကကြီးကိုခေါင်းငုံ့ပြီး
လက်သီးလက်မောင်းမတန်းခဲ့ရတဲ့ကျွန်တောာ်
လက်မြောက်ပြီးအရှုံးပေးလိုက်တယ်။

အဖေ..ရောလို့မေးတက်တဲ့အရွယ်လေးမှာ
ဟိုးး..အဝေးကြီးမှာဆိုတဲ့
အမေ.စကားသံတွေက
ကျွန်တော်.နားထဲပဲ့တင်ထပ်နေခဲ့
နားစည်မှာတုန်ခါလို့ဆူလောင်ခဲ့တယ်။

မျက်ရည်စက်တွေပေါက်ကနဲကျလာခဲ့ရတာ
ရက်ပေါင်း၇၃၀၀ရှိခဲ့ပြီး…အဖေ
ရင်မနာဘဲအပြစ်မရှိခဲ့ပါဘူးလို့
ပြောနေချင်ပေမယ့်လည်းပြောခွင့်မရခဲ့
မရဏမင်းရဲ့ရှေ.တော်မှောက်သို့
ရောက်သွားခဲ့ရင်တောင်
နောက်ဆုံးထွက်သက်လေးမှာတော.
ထင်ကျန်ရစ်နေချင်တယ်လေ
အဖေ..အဖေလို့ခေါ်ခွင့်လေးတော့
နားထောင်ရင်းနှစ်သိမ့်စေချင်တယ်…အဖေ။

In: ကဗျာ Posted By: Date: Aug 8, 2011
Comment #1

အားပေးသွားပါသည်

Comment #2

ကဗျာလေး အရေးအသားတော်တော်ကောင်းပါတယ် ဒါပေမယ့် ကဗျာလေးဖတ်ရင်း စိတ်မကောင်းတော့ဖြစ်သွားတယ် မသိပေမယ့် တစ်ခုတော့ ပြောချင်တယ် အားမငယ်ပါနဲ့ ကိုယ့်မှာ အမေရှိသေးတာဘဲ အဖေရော အမေရော ဆုံးရှုံးသွားတဲ့သူထက်စာရင် အများကြီးအားတက်စရာရှိပါသေးတယ် ။ ကဗျာလေး ဖတ်ရှုအားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 9, 2011
Comment #3

sorry 2 know.

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment