Professional Authors

ငါ့ ၀ိသေသနများ

ငါပဲမှားယွင်းခဲ့တာပါ
ငါ့ရင်ခုန်သံတွေပဲ မိုက်မှားခဲ့တာပါ
နင့်မှာအပြစ်မရှိ
နင့်အချစ်တွေမှာလည်း အပြစ်မရှိ…

ငါက
ငါ့ဖြစ်တယ်မှုကဘာလဲဆိုတာမေ့နေခဲ့ပြီး
ထိခိုက်ရှနာများလွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို
နင့်ကိုကစေခဲ့သူပေါ့…
နင့်မျက်ရည်တွေနဲ့ ရေစုန်မျောချင်တဲ့သူတစ်ယောက်
ငါက ငါ့ဝိသေသနကိုပဲ အထူးပြုချင်တဲ့ လူတစ်ယောက်လည်းဖြစ်ရဲ့…

နင်ကပန်းတစ်ပွင့်
ငါကအရောင်လွင့်ပြယ်နေတဲ့
ပန်းချီကားတစ်ချပ်

ဒါပေမယ့်လည်း
ငါနင့်ကိုအရမ်းပဲချစ်ခဲ့မိသူပါ
အခုတော့လည်းပဲ
ငါကနင့်ကို အရမ်းလွမ်းနေရတဲ့
လူတစ်ယောက်ပေါ့…။ ။

            ကဝေ

In: ကဗျာ Posted By: Date: Dec 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment