Professional Authors

*ဘယ်သူမှမသိလိုက်တဲ့မျက်ရည်တစ်စက်*

သိပ်ချစ်ခဲ့ပါတယ် ချစ်သူ
ဒါပေမယ့် မဖြစ်နိုင်တဲ့ဘ၀မှာ
ငါမင်းကိုဆက်ချစ်မနေရဲတော့ပါဘူး………
ချစ်လျက်နဲ့စွန့်လွှတ်ခဲ့ရတဲ့ ငါ့အဖြစ်ကို
ဘယ်သူကသိပြီး စာနာနိုင်မှာလဲ………
လူတွေအမြင်မှာ ငါကအသည်းနှလုံးမရှိတဲ့
လူတစ်ယောက်ပေါ့လေ………….
ဒါတွေကို ငါဂရုမစိုက်ပါဘူး….
ငါချစ်တာကိုမင်းသိရင် ငါကျေနပ်ပါတယ်……..
အပြစ်မရှိ ပကတိဖြူစင်လှတဲ့
မင်းရဲ့အချစ်နဲ့ ငါမတန်ပါဘူးကွာ………
ငါ့ကိုမုန်းလိုက်ပါ ငါ့ကိုမေ့လိုက်ပါ
ငါကနှလုံးသားမရှိတဲ့ လူတစ်ယောက်လို့တော့
မင်းမထင်လိုက်ပါနဲ့……
ငါမင်းကိုအသက်သမျှ ချစ်ခဲ့ပါတယ်…….
ဒါကြောင့်လည်း စွန့်လွှတ်ခဲ့၇တာ
ငါမင်းကို သစ်စိမ်းချိုးမချိုးရက်ပါဘူး
ဒါပေမယ့် လူတွေရဲ့အမြင်မှာတော့
ငါက သားကောင်ကိုမညှာတာတဲ့
မုဆိုးတစ်ယောက်ပေါ့……….
မိုးရေထဲမှာ မင်းနဲ့ချစ်ခဲ့ပေမယ့်
မိုးသည်းထဲမှာပဲ မင်းနဲ့ခွဲခဲ့တယ်….
မိုးစက်တွေကြားထဲက
ငါ့မျက်ရည်တွေကို ဘယ်သူသိနိုင်မှာလဲ…
ဘယ်သူမြင်နိုင်မှာလဲ………
ငါလောကကြီးကို အော်ပြီးပြောလိုက်ချင်တယ်
(မင်းကိုအရမ်းချစ်တယ်)……..
မင်းအချစ်က ငါ့အချစ်ထက်ပိုနိုင်ပါတယ်……
မင်းအလွမ်းက ငါ့အလွမ်းထက်ပိုနိုင်ပါတယ်……..
မင်းမုန်းလိုက်နိုင်ပါတယ် မင်းမေ့လိုက်နိုင်ပါတယ်
ငါမင်းကိုအပြစ်မတင်ရက်ပါဘူး……..
ဒီလောကကြီးမှာ ငါ့အတွက်အရှူံးချည်းပဲလား………..
တစ်ကြိမ်တစ်ခါတော့ငါလည်းအနိုင်ရချင်သေးတယ် ဘာကြောင့်များငါ့ကိုအနိုင်မပေးတာလဲ………
အနိုင်ဆိုတာ အဲဒီလောက်တောင်
ရယူဖို့ခက်သလား……….
မိုးသည်းထဲမှာ ဟစ်အော်ခဲ့တဲ့
ငါရဲ့စကားတစ်ခွန်းကို မင်းကြားနိုင်ပါစေ…………
(ငါမင်းကိုအရမ်းချစ်တယ်)………….
(အပြစ်မရှိတဲ့ ချစ်ရတဲ့လူတစ်ယောက်ကြားနိုင်ပါစေ)
(မိုးထက်)

In: ကဗျာ Posted By: Date: Oct 17, 2010
Comment #1

အရမ်းချစ်ရက်နဲ့ထားခဲ့တာဘာကြောင့်များလဲသိချင်လိုက်တာ။ အဲဒီအပြစ်မရှိတဲ့ချစ်သူကိုရော ဘာကြောင့်လမ်းခွဲခဲ့တယ်ဆိုတာပြောမပြဘူးလား။
ကဗျာလေးကိုခံစားမိလို့မေးတာပါ။

commentinfo By: moezat at Oct 18, 2010
Comment #2

ကဗျာထဲကအတိုင်း သူ့အချစ်နဲ့ကျွန်တော်က မတန်လို့ပါ

commentinfo By: Gipsy Lay at Oct 18, 2010
Comment #3

မတန်ဘူးဆိုတာ မရှိပါဘူး…………….အချစ်က..လူတိုင်းနဲ့ထိုက်တန်ပါတယ်

commentinfo By: အသဲကွဲမိုး at Oct 18, 2010
Comment #4

kyi ya tar..
u ka thu. ko ga yu ma site phyit loh. thu nar kyin hmar soe tar lar ?

commentinfo By: snowflake at Sep 6, 2011
Comment #5

ကဗျာလေးကကောင်းတယ်ဗျာတကယ်ခံစားရတယ်

commentinfo By: မြတ်ကို at Sep 6, 2011
Comment #6

အင်း အဲ့လိုလည်း ဟုတ်ပါတယ် ဒါပေမယ့် ဂရုမစိုက်နိုင်တာ မဟုတ်ပါဘူး
ကျွန်တော်ပြောခဲ့သလိုပဲ သူ့အချစ်နဲ့ မထိုက်တန်ခဲ့လို့ပါ…. snowflake
ကျေးဇူးတင်ပါတယ် ကိုမြတ်ကို

commentinfo By: Gipsy Lay at Nov 10, 2011
Comment #7

ကောင်းတယ်ဗျာ…အထစ်အငေါ့မရှိဘူး…အဆင်ပြေတယ်…
ခံစားချက်လဲကောင်းတယ်….
လေးစားပါတယ်ဗျာ..

commentinfo By: Arker at Nov 10, 2011
Comment #8

ကျေးဇူးတင်ပါတယ် Arker နောက်လည်းကြိုးစားသွားပါဦးမယ်….

commentinfo By: Gipsy Lay at Nov 11, 2011
Comment #9

inn lay…
hote pa…
a pyit ma shi de thu ko hma a pyit shar chin de.
a naing kyint kaung tine kyint tat tar ta bar wa pe htin de.
myit tar su dot hmar myin yaung par tay de,
thu htet tar de thu ko lo chin loh lar?
ko ne htike tan tar pe ko ya hmar pop.

commentinfo By: ei lay at Nov 11, 2011
Comment #10

အင်း ဟုတ်ပါတယ် အိလေး ပြောတာ ကိုယ်နဲ့ထိုက်တန်တာပဲ ကိုယ်ရမှာပေါ့ ဒါပေမယ့်မထိုက်တန်ကိုလိုချင်ကြတာ လူ့သဘာဝပဲလေ ဟုတ်တယ်မလား သူ့ထက်သာတဲ့လူကို လိုချင်တယ်ဆိုတာတော့မဟုတ်ပါဘူးဗျာ……..

commentinfo By: Gipsy Lay at Nov 14, 2011
Comment #11

so sorry par.
i 4got,,,,,,,,,,,,,,,,,
everyone has his own decision & believeness.
everyone can do as own like.

commentinfo By: ei lay at Nov 15, 2011
Comment #12

😛 thz ei lay

commentinfo By: Gipsy Lay at Nov 15, 2011
Comment #13

read again par,

commentinfo By: ei lay at Jun 20, 2012
Comment #14

myat yae ka 1 set ma ka par bu
🙁

commentinfo By: ei lay at Jul 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment