Professional Authors

ဟောင်းသွားတဲ့ ကြိုး (Kitty Yang)

ချစ်သူ
မင်းစိတ်ကြိုက်ရွေးခဲ့တာပါ
အခုချိန်မှ မမြတ်နိုးတော့လို့
ဒီရင်ခွင်ကိုခြေစုံကန်ထွက်သွားလဲ
မတားရက်ပါဘူး
မင်းရဲ့အချစ်ဆိုတာ
ငါ့အတွက်မှမဟုတ်တော့တာဘဲ။

Oxygen လို ၂၄နာရီ
ငါ့အတွက်မင်းလိုအပ်ပေမယ့်
ငါဟာမင်းရဲ့
အစွန့်ပစ်ခံပါ
မင်းနှလုံးသားရဲ့အမှိုက်ပုံးထဲ
ထည့်ပြီးသော့ခတ်ထားလည်း
နေရမှာပဲ။

မင်းကိုချစ်မိကတည်းက
လွမ်းတယ်ဆိုတဲ့
အလုပ်ရခဲ့တာပါ
အခုချိန်မှာ
လွမ်းရ၊ဆွေးရ
အလုပ်တွေသိပ်ရှုပ်တယ်
မင်းပေးခဲ့တဲ့အလုပ်ပဲ
ဝင်သက်ထွက်သက်ရပ်သည်ထိ
ထမ်းဆောင်မယ်။

အတွင်းလူဖြစ်ဖို့
ရေလာမြောင်းပေးရ
အချိန်တွေစတေးရ
အပြင်လူဖြစ်ဖို့
စကားတစ်ခွန်းပဲ
လိုတယ်တဲ့လား
အပြင်လူတော့
မဖြစ်ပါရစေနဲ့
မင်းလိုတိုင်းတ တဲ့
မင်းရဲ့လိုတရလေးတော့ဖြစ်ပါရစေ။

ပြတ်လုပြတ်နီး
ဖြစ်နေတဲ့အချစ်ကြိုးရယ်
ငါဝမ်းနည်းမိတယ်
ကြိုးအပိုတွေ
ငါ့ဘက်ကကမ်းပေးနေလည်း
သူ့ဘက်ကမမြင်တော့လည်း
အခက်သား……။

ငါမှားတယ်ပဲထားပါဦး
ငါတောင်းပန်ဖို့ မင်းဘယ်မှာလဲ
မင်းကိုလွမ်းလို့
ငါကဗျာတွေရေးနေတယ်
မဆန်းပါဘူး ကြင်နာသူရယ်
ဒါလဲငါ့အလုပ်ပဲလေ။

ဝ၉.ဝ၁.၂၀ဝ၈

In: ကဗျာ Posted By: Date: May 8, 2010
Comment #1

တော်တော်လေးကောင်းပါတယ် အမြဲတမ်းလည်းအားပေးနေမှာပါ

commentinfo By: nate thit(နေ့သစ်) at Aug 26, 2011
Comment #2

မင်းကိုချစ်မိကတည်းက
လွမ်းတယ်ဆိုတဲ့
အလုပ်ရခဲ့တာပါ
အခုချိန်မှာ
လွမ်းရ၊ဆွေးရ
အလုပ်တွေသိပ်ရှုပ်တယ်
မင်းပေးခဲ့တဲ့အလုပ်ပဲ
ဝင်သက်ထွက်သက်ရပ်သည်ထိ
ထမ်းဆောင်မယ်။ အဲဒီနေရာလေးကို အကြိုက်ဆုံးပဲ

commentinfo By: chanmyae at Sep 2, 2011
Comment #3

လွမ်းရ၊ဆွေးရ
အလုပ်တွေသိပ်ရှုပ်တယ် တဲ့လားဗျာ
စကားလုံးတွေက လိုက်လို့မမှီအောင်ကိုမြင့်လွန်းတယ်
ဖတ်သွားကြောင်းပါ ။

commentinfo By: X - ray at Feb 10, 2012
Comment #4

အပြင်လူဖြစ်ဖို့
စကားတစ်ခွန်းပဲ
လိုတယ်တဲ့လား
အပြင်လူတော့
မဖြစ်ပါရစေနဲ့
မင်းလိုတိုင်းတ တဲ့
မင်းရဲ့လိုတရလေးတော့ဖြစ်ပါရစေ။

ဒီစာသားလေးကိုတကယ်ကြိုက်တယ် အားပေးနေတယ်နော်။

commentinfo By: မေဦး at Jun 11, 2012
Comment #5

OH! good tal..ayan ko like lo ..copy tar pe nor..:
🙂

commentinfo By: thulattyar at Nov 13, 2012
Comment #6

သူမမြင်တာတောင် အနားမှာရှိချင်တယ်ဆိုတော့ တော်တော်ချစ်နေတာပဲနော် အဆင်ပြေပါစေရှင်

commentinfo By: maypyo22889 at Nov 13, 2012
Comment #7

အတွင်းလူဖြစ်ဖို့
ရေလာမြောင်းပေးရ
အချိန်တွေစတေးရ
အပြင်လူဖြစ်ဖို့
စကားတစ်ခွန်းပဲ
လိုတယ်တဲ့လား
အပြင်လူတော့
မဖြစ်ပါရစေနဲ့
မင်းလိုတိုင်းတ တဲ့
မင်းရဲ့လိုတရလေးတော့ဖြစ်ပါရစေ။

အရမ်းကောင်းတယ်။

commentinfo By: thidangenge at Dec 21, 2012
Comment #8

ငါမှားတယ်ပဲထားပါဦး
ငါတောင်းပန်ဖို့ မင်းဘယ်မှာလဲ

commentinfo By: Heart at Oct 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment