ဒီရာသီဟာအချစ်ရာသီအကူးအပြောင်းပဲဖြစ်ပါစေ
ဒီရာသီဟာ ကျွန်မရဲ့ မှိန်မဲ့မဲ့ရာသီငယ်ပါ .. မောင်
နှုတ်ခမ်းဖျားတွေရဲ့ တုန်ယင်လှုပ်ရှားမှုမှာ မောင့်ကိုချစ်တဲ့ ထွက်သက်ဝင်သက်တွေ တည်မှီနေတယ်
လွမ်းလို့လွမ်းမှန်းမသိတဲ့ အရိပ်တွေဟာ စိတ်ကူးထဲမှာပဲရှိလေရဲ့
ခွဲခွာခြင်းနှင့် ချန်ရစ်ခြင်းအမှောင်တွေကြီးစိုးတဲ့ ည .. ည
ကျွန်မ မျက်ရည်တွေကို ဖြူနုပုလဲသွယ်လို့ မောင် ထင်မှတ်ထားခဲ့တာလား
ထားခဲ့ပါတော့ နော် ..
ရင်အလောင်ခံပြီး စုံမှိတ်ပုံအောခဲ့တဲ့ အချစ်တွေသက်သက်နှင့် ဘ၀ဆိုတာ ဖြစ်မြောက်လာမှာတဲ့လား
လက်သင့်မခံနိုင်လို့ မိန်းမရိုင်းလို့ စွပ်စွဲရင်လည်း ကျွန်မပြုံးနေပ့ါမယ်
ကျွန်မဟာ မောင့်ကို အသက်နှင့်ထပ်တူ မြတ်နိုးခဲ့ရသူပါ
ဆည်းဆာတိမ်တွေကြားမှာ မောင့်အပြုံးတွေ လင်းလဲ့လဲ့ .. ဖြန့်ကျက်နေသလိုပဲ
မနက်နရောင်တွေမှာ ကျွန်မရဲ့ ဂါဝန်စလွှလွှကလေးကို ခတ်လို့ယိမ်းနွဲ့နေမိတတ်တယ်
ဒီရာသီမှာ ကျွန်မကခုန်ခဲ့တာပါ
မောင် ချစ်ခဲ့တဲ့ ရာသီမှာပေါ့
ဒီရာသီဟာ
အချစ်ရာသီဖြစ်ရင်
ကျွန်မ နှုတ်ခမ်းဖျားတို့ရဲ့ တိုးတိုးလှုပ်ခတ်သံဟာ နာကျင်မှုတွေကင်းဖို့ပဲဖြစ်ပါစေ
ဒီရာသီဟာ
အထီးကျန်ဆန်တဲ့ရာသီဖြစ်ရင်
ကျွန်မ မျက်ဝန်းတွေက မိုးတွေရွာဖြိုးသံဟာ မောင့်အတွက် ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းဖို့ပဲဖြစ်ပါစေ
ဒီရာသီဟာ
အလွမ်းရာသီသာ ဖြစ်နေရင်တော့
ကျွန်မရဲ့ တမ်းတမှုတွေ စီးဆင်းနေတဲ့အသံဟာ မောင့်ရဲ့အိပ်ရာဝင်တေးတစ်ပုဒ်ပဲဖြစ်ပါစေ
ကျွန်မ အချစ်ကြောင့် ရူးတယ်
ကျွန်မ အချစ်ကြောင့် အထီးကျန်တယ်
ကျွန်မ အချစ်ကြောင့် ငိုတယ်
ကျွန်မ အချစ်ကြောင့် ပျော်တယ်
ဒီအတွက်
ဒီရာသီဟာ အချစ်ရဲ့ရာသီအကူးအပြောင်းဖြစ်ပါစေ
အချစ်ရဲ့ရာသီအကူးအပြောင်းပဲ ဖြစ်ရပါစေ …. မောင်
Comment #2
so much touching
By: ei lay at May 18, 2013
Comment #3
Thz to ei lay and အသဲကွဲမိုး
By: မေပျို at May 18, 2013
Comment #5
ကျေးဇူးပါ မောင်လေး
By: မေပျို at May 18, 2013
Comment #6
Ma Ma ei lay pyaw ta lo pl…so much touching pr….
By: Shwezin Myatno at May 18, 2013
Comment #7
ကျနော်လည်း အမအားကျလို့ အေးအေးငြိမ့ငြိမ့်လေး ရေးလိုက်တယ်..ပြီးတော့ ပြီးသွားပါပြီ
By: thit khet at May 18, 2013
Comment #8
အားကျတယ်ပြောလို့ နည်းနည်းဘ၀င်မြင့်သွားမိတယ်
နောက်ပြီး အားပေးသူများကိုပါ ကျေးဇူးတင်ပါကြောင်း
By: မေပျို at May 19, 2013
Comment #9
မမေပျိုရေးတဲ့ ကဗျားလေးတွေက တော်တော်လေးကောင်းပါတယ်။
ကဗျာစာအုပ်ထုတ်ဖို့အကြံပြုပါရစေ။
By: ဗီဇ (vza) at Apr 23, 2014




Comment #1
သေချာဖတ်သွားတယ်ဗျ…. နှစ်သက်မိပါတယ်
အေးအေးလေးနဲ့ငြိမ့်ငြိမ့်လေးပေါ့