Professional Authors

ချစ်ခြင်းသည် အပြစ်ကင်း၏

ချစ်ခြင်းသည် အပြစ်ကင်း၏

လူတွေ အားလုံးဟာ မချစ်ဖူးတဲ့လူ၊ မချစ်ခဲ့ဖူးတဲ့လူ မရှိဘူး။ အချစ်မခံရဖူးတဲ့ လူတော့ ရှိကောင်းရှိမယ်။ ဒါကိုတော့ ကျွန်တော်လဲ မပြောနိုင်ဘူး။ ဒါပေတဲ့ ချစ်ခြင်းကို ချစ်ခြင်းအတိုင်း လက်မခံကြဘဲ နောက်ဆက်တွဲ ဆင့်ပွားချဲ့ ကားထားတဲ့ နားလည်မှုတွေအနေနဲ့  လက်ခံကြတာများတယ်။ ဥပမာ ချစ်ခြင်းကို ပိုင်ဆိုင်မှုအဖြစ်၊ သွေးသားတော်စပ်လိုမှုအဖြစ်၊ ပုဂ္ဂလိကကျေနပ်လိုမှုအဖြစ်၊ ပြန်လည်အချစ်ခံရခြင်းကို တန်ဖိုးတစ်ခု ဂုဏ်ရည်တစ်ခုအဖြစ်နဲ့  ပိုပြီး နားလည်လက်ခံကြတယ်။ဒီအခါ ချစ်ခြင်းရဲ့  ရိုးဂုဏ်တွေ စစ်မှန်မှုတွေ ပျောက်ဆုံးသွားတယ်………..“ချစ်ခြင်း” ဆိုတာ “ချစ်ခြင်း”ပဲ။ ဘာသာစကားနဲ့  တည်ဆောက်ထားတဲ့ “အသိ” တစ်ခုပဲ။ ဒီထက်ဘာမှ မပိုဘူး။တစ်နည်း ခပ်ကျယ်ကျယ်ပြန့် ပြန့် ပြောချင်ရင် “ချစ်ခြင်း”ဟာ သမုတိ သဘောဆောင်တဲ့ အသိတစ်ခုပဲ။ ဒါ့ကြောင့် အလွမ်း အဆွေး ရေးတဲ့ ကဗျာဆရာကြီးတွေက “ချစ်ခြင်းသည်မြဲ၏” “ချစ်ခြင်းသည် စစ်မှန်၏” စသဖြင့် ရေးကြတာပေါ့။ဟုတ်တာပေါ့။ “ချစ်ခြင်း” က “ချစ်ခြင်း” ပဲကိုး။မြဲတာပေါ့။ အသိကသာ ပြောင်းလဲသွားတာ။ ချစ်ခြင်းအပေါ်နားလည်မှုကသာ ပြောင်းလဲသွားတာ။ ချစ်ခြင်းကို ငယ်စဉ်အခါက စိတ်လှုပ်ရှားမှုတွေ၊ သွေးသားတောင်းဆိုမှုတွေ အခြေခံပြီး လက်ခံတဲ့အခါ ချစ်ခြင်းရဲ့  လောဘတွေ၊ ဒေါသတွေ၊ မောဟတွေဟာ အများကြီးပဲ။ ပြီးတော့ ဒီလိုမဟုတ်တော့ဘူး။ ချစ်ခြင်းကို ဆင်ခြင်တုံတရားနဲ့  ကြည့်တတ်လာကြတယ်။ကြီးတဲ့အခါ နားလည်တဲ့ချစ်ခြင်းဟာ တန်ဖိုးအားဖြင့် ပြောကြစတမ်းဆိုရင် ငယ်စဉ်က ရူးရူးမိုက်မိုက်ချစ်ခြင်းနဲ့  မတူတော့ဘူး။တန်ဖိုးပိုရှိလာတယ်။ ဆင်ခြင်တုံတရားနဲ့  လက်ခံတဲ့အချစ်ဟာ တန်ဖိုးပိုကြီးပါတယ်။ချစ်ခြင်းမှာ ဆိုးတာကောင်းတာ မှန်တာမှားတာ မရှိဘူး။ချစ်ခြင်းကို လက်ခံသုံးစွဲတဲ့သူမှာသာ အဲဒီတန်ဖိုးဖြတ်မှုတွေရှိတာ။ဒါ့ကြောင့် လူတွေမှာ ချစ်ခြင်းရဲ့ အနေအထားဟာ မတူကြတာပေါ့။ တစ်နည်းပြောရရင် ချစ်ခြင်းဟာ လက်ခံသုံးစွဲတဲ့သူအပေါ်မှာ တည်တာ။ကိုယ့်အကြိုက်၊ ကိုယ့်ဘ၀နဲ့  ယှဉ်ပြီး တည်ဆောက်ယူကြတာ။တစ်ထပ်တည်းကျတဲ့ ချစ်ခြင်းနှစ်ခု ဘယ်တော့မှ မရှိနိုင်ဘူးလို့ တောင် ဆိုကြတယ်။ မှတ်ချက် ( ဤစာပိုဒ်သည် ဆရာမြင့်သန်းရဲ့ ရောရောယောင်ယောင် မောင်ဘမောင် ၀တ္တုတိုများ ” ချစ်ခြင်းသည် အပြစ်ကင်း၏”၀တ္တူတိုမှ ဖြစ်ပါတယ် )

In: Others Posted By: Date: Nov 1, 2011
Comment #1

so excellent

commentinfo By: ei lay at Jan 28, 2012
Comment #2

😀
love
love

commentinfo By: ei lay at Jan 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment