Professional Authors

“တန်ဖိုးမရှိတဲ့ အချစ်” တဲ့လား…..(မျှော်တော်ယောင်)

 ချစ်သူကို
 လက်ဆုပ်လက်ကိုင်ပြနိုင်မှ
လူတွေရှေ့မှာ ထုတ်တွဲပြမှ
 အချစ်တစ်ခုတဲ့လား……………….။

  လူမသိအောင်
  ရင်ထဲက
  နှလုံးသားထဲက
  ချစ်နေတာကို
  အချစ်မစစ်ဘူးတဲ့လား………………..။

  တိတ်တဆိတ်နဲ့
  တိတ်တခိုးလေး
  ပေးဆပ်နေတာကို
  တစ်ဖက်သတ် အချစ်တဲ့လား………….။

 သြော်…….
 ဒါဆို
 ငါချစ်နေတာ
  တန်ဖိုးမရှိတဲ့ အချစ်တွေနဲ့လို့
 ဆိုလိုချင်တာပေါ့…………….။

 မင်းတို့တောင် မရနိုင်တဲ့
 အချစ်တွေကို
 ငါရနေသမျှ
 မင်းတို့ပြောတာတွေကို
 ငါ သရော်ပြုံးလေးနဲ့
 နားထောင်နေမယ်နော်……။
 
ဆက်ပြောလေ……
 ဘာ
 “တန်ဖိုးမရှိတဲ့ အချစ်”
 ဟုတ်လား။

In: ကဗျာ Posted By: Date: Jan 3, 2012
Comment #1

ကောင်းလိုက်တဲ့.အရေးအသားဗျာ..
ထပ်တူခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 3, 2012
Comment #2

စာသားလေးတွေ ကြိုက်တယ်နော်..

commentinfo By: puyeitlay at Jan 3, 2012
Comment #3

mike de kwar,,
right,,right,,

whatever,whoever say,,don’t care.
the most important is between u & ur sweet-heart.
noone can change colours.
noone can feel except the owners.
ha,,ha,,

commentinfo By: ei lay at Jan 3, 2012
Comment #4

တမျိုးပဲ
အားပေးသွားသည်

commentinfo By: thetnaung at Jan 4, 2012
Comment #5

အိလေးလည်း အပြောခံရဖူးတယ်နဲ့ တူတယ်…….။ ကဗျာကို အားပေးသွားတဲ့ ညီအစ်ကို မောင်နှမတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

commentinfo By: ngetnge at Jan 4, 2012
Comment #6

hin,,,,,,,,,,
ei lay ne bar hma le sine be ne,,,,
he,,,he,,,,,
ei lay ka paw tin pe fight tar..
han saung bu,,tate tate lay loak tat bu.
be thu ko hma le 1-sided love shi ke bu,,,
thu ko ei lay ka po chit dar dot hote de,
thu ka le ei lay ko chit de,,,but phone htar de lay,,,hee,,,
be ya ma le,,,ei lay pe,,,paw aung loak like tar pop…kwi,,kwi,,

commentinfo By: ei lay at Jan 4, 2012
Comment #7

လူမသိအောင်
ရင်ထဲက
နှလုံးသားထဲက
ချစ်နေတာကို
အချစ်မစစ်ဘူးတဲ့လား………………..။

တိတ်တဆိတ်နဲ့
တိတ်တခိုးလေး
ပေးဆပ်နေတာကို
တစ်ဖက်သတ် အချစ်တဲ့လား………….။

commentinfo By: zawthetoo at Jan 25, 2012
Comment #8

Super Like 😀

commentinfo By: Wa Na at Oct 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment