Professional Authors

မနီးစပ်ခြင်း

မတွေ့ရတာ ကြာလာတော့ ဂေါက်တောက်တောက်နဲ့ Psyco တွေ ဖောက်ဖောက်လာတယ်
နိဂုံးထဲ လက်အတင်းဆွဲ ခုန်ချ ချင်တဲ့ နင့် ကို ငါ သိပ်ကျွတ်ကြဲ တယ်
လက်တွဲ ပီးခုန်ချတောင် ကျရာခြင်းတူမှာမဟုတ်တာ ကြိုသိနေတာ ငါ့အလွန်လား
နင် နိဗ္ဗာန်ပေါ် ကျ မဲ့ အရေး ငရဲ တွင်းထဲ ဆင်းသေရမှာလား ……………………ငါက

နားလည်မှု နဲ့ နေမဲ့ နင်ကိုယ်တိုင်က ပုဆိန်တလက်ကိုင် ပီး
ဖြို ချ ဖို့ ဆင် လိုလို ……မြေခွေးလိုလို ကြံ နေတယ် …
ဘယ်သူကောင်းစားဖို့လဲ ……………………..ငါက

ဘယ်သူ့ စကားမှ မယုံရ …နင့် စည်းကမ်း နင် ဖောက်ဖျက်ဖို့
အပျော်တမ်း ချမှတ် အဟုတ်တွေထင် ပီးမျက်စိတစ်ဆုံးတွေး
အဝေးကြီး လျှောက်တွေးနေတာ ………………….ငါက

Heart ကိုတောင် Hurt ဖြစ်အောင် စာလုံးပေါင်းတတ်နေပီ
ရေလိုက် ငါးလိုက် လွဲလိုက်ပုံများ
နွံ တစ်ခု ကြုံမှ ရုန်းမရ လှုပ်မရ နစ်နစ် ၀င်နေလေပီ………ငါက

ထွာ တိုင်းလို့ မမှီတဲ့ ဒီ ရင်ဘတ် သိပ်သည်းလိုက်ပုံများ
တစ်ကမ္ဘာ လုံး ထမ်းထားရသလိုပဲ …………………….ငါက

( ) လက်သည်းကွင်းတစ်ခု နင့် တစ်ယောက် ပဲ ဘောင်ခတ် ဒါနဲ့ ဒါပဲ ထပ်ထလဲလဲ
ပေါင်း နုတ် မြှောက် စား …ကျင်လည်နေတာ………………….ငါက
{ } တွန့်ကွင်းတွေလို မြင်မြင်သမျှ ကွင်းခတ် ထားတဲ့ မိန်းမတွေကို နင်တန်ဖိုးထားခဲ့တာ ပဲ

နီးစပ် ခွင့်တွေ အပြေးအလွှား လိုက်မဲ နေတာ
ဝေးကွာခြင်း တစ်ထောင့်မှာ ရပ်ကျန်ခဲ့တာ နင်မှန်း မသိလိုက်ဘူး ……..ငါက

အပြင် ဘက်ရဲ့ အတွင်းကျပုံ
ထောင့် စုံအောင် သတိမမူနိုင်တာ အရူးတစ်ကောင် ရဲ့ ဟာကွက်ပဲ ဖြစ်လိမ့်မယ် ………….ငါ

ဒီလိုနဲ့ မယုံနိုင် အောင် ………………………ချစ်နေကြရင်း….
မယုံနိုင်အောင် ……………………………….ယုံကြည်နေကြရင်း….
မယုံနိုင်အောင် ……………………………….နားလည်နေကြရင်း ……..
မယုံနိုင်အောင် …………………………….ဝေးကွားသွားကြခြင်း

နှုတ်ဆက်ခြင်း ထားခဲ့ခြင်း ပြတ်ဆဲ ခြင်း ခွဲခွာခြင်းတွေက

နှုတ်ထွက် လှလှ လေးတွေပဲမို့ ……ပြီးပြီလို့ပဲ သုံးနှုန်း သတ်မှတ် လိုက်ရတယ် ………………….ငါက

In: ကဗျာ Posted By: Date: Jan 2, 2012
Comment #1

wow,,,,,,,,,,,,,,
lone wa mike de.
a pyat ko paout kwe htar tar.
special perfect.

commentinfo By: ei lay at Jan 2, 2012
Comment #2

ကြိုက်တယ်။

commentinfo By: သက်ထားငြိမ် at Jan 3, 2012
Comment #3

ကြိုက်တယ်ဗျ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment