ကာရန်မညီတဲ့ ရင်ခုန်သံ
ရင်ကွဲတယ်ဆိုတဲ့ အရသာကို
ရင်ခွဲတဲ့သူနဲ့ တွေ့မှသိရတာပါ..၊
တွယ်တာတတ်တယ် ဆိုတာကို
ကွယ်ရာကနေတော့ အယူခံမဝင်လိုဘူး..၊
နေညိုမှပြန်တဲ့ ငှက်တွေကိုပဲပြောလိုက်ပါရစေ…
ရေမြေခြားလို့တော့ ပစ်မသွားပါနဲ့…။
နေပူတာ မိုးမရွာချင်လို့ပါ ဆိုရင်
သခင်ခွဲသွားတဲ့ အကြင်အသည်းက
အထင်အလွဲခံခဲ့ရတာကို သင်မသိဘူးလား..၊
ကကြိုးပြတ်တဲ့ အရုပ်တစ်ခုက
အခုမှ အသက်ဝင်လာတယ်..၊
ကျွန်တော့်ရဲ့ နံနက်ခင်းဆိုတာက
သူမဖန်ဆင်းတဲ့ အလှတရားတွေလေ..။
မျှော်လင့်ရင်းရူးတယ် ဆိုရမလားပဲ
နှိပ်စက်တတ်တဲ့ ပုံရိပ်တွေအတွက်
သက်ပြင်းတွေ အထပ်ထပ်ချ…၊
မင်းပေးတဲ့အနမ်းများနဲ့
ငါ့ရဲ့အလွမ်းများကို
တစ်ခမ်းတစ်နား လက်ထပ်..၊
မက်ခဲ့ရလွန်းလို့
အိပ်မက်တွေတောင်ထပ်ကုန်ပြီ…၊
ငါ့ဆီမှာ အခုချိန်အထိတော့
ကာရံမညီတဲ့ရင်ခုန်သံတွေပဲရှိတယ်.။ ။
Comment #2
ရင်ကွဲတယ်ဆိုတဲ့ အရသာကို
ရင်ခွဲတဲ့သူနဲ့ တွေ့မှသိရတာပါ..၊
တွယ်တာတတ်တယ် ဆိုတာကို
ကွယ်ရာကနေတော့ အယူခံမဝင်လိုဘူး..၊
နေညိုမှပြန်တဲ့ ငှက်တွေကိုပဲပြောလိုက်ပါရစေ…
ရေမြေခြားလို့တော့ ပစ်မသွားပါနဲ့…။
By: sandi at Aug 1, 2011
Comment #5
ရင်ကွဲတယ်ဆိုတဲ့ အရသာကို
ရင်ခွဲတဲ့သူနဲ့ တွေ့မှသိရတာပါ..၊
တွယ်တာတတ်တယ် ဆိုတာကို
ကွယ်ရာကနေတော့ အယူခံမဝင်လိုဘူး..၊
နေညိုမှပြန်တဲ့ ငှက်တွေကိုပဲပြောလိုက်ပါရစေ…
ရေမြေခြားလို့တော့ ပစ်မသွားပါနဲ့…
မိုက်တယ်ဗျာ…အားလုံးကို အားပေးနေပါတယ်
ကဗျာတွေ အများကြီးမရေးတတ်ပေမယ့် ခံစားအားပေးရတာကို အရမ်းသဘောကျလာပါတယ်
အစဉ်မြဲအားပေးနေပါမယ်….
By: မယ်မနော at Aug 1, 2011
Comment #7
နေပူတာ မိုးမရွာချင်လို့ပါ ဆိုရင်
သခင်ခွဲသွားတဲ့ အကြင်အသည်းက
အထင်အလွဲခံခဲ့ရတာကို သင်မသိဘူးလား..၊
မိတယ်ကွာ…။
By: ဆည်းဆာ at Aug 2, 2011
Comment #8
nice.
By: ei lay at Aug 16, 2011
Comment #9
why don’t u try to explain?
By: ei lay at Aug 19, 2011




Comment #1
good……….