Professional Authors

ကောင်းကင်ကို ဘောင်ခတ်ထားတဲ့ တိမ် …

ငါ့ပုံရိပ်တွေေ၀၀ါးလွန်းနေခဲ့တယ်
တကယ်တော့
ဒါဟာ ကြည့်မှန်တစ်ချပ်ပါကွယ် …
မြင်ကွင်းတွေ မှုန်မှိုင်းခဲ့တာ
မျက်ရည်တွေကြောင့် တစ်ခုတည်းမှ မဟုတ်ခဲ့ပါပဲ …
ပေးဆပ်ချင်ယောင်ဆောင်ပြီး
အရောင်မဲ့နေတဲ့ အတ္တ တချို့အတွက်
နင့်ကိုမျှော်ကြည့်ပြီး နေခဲ့မိတာက ငါ့ရဲ့အမှားတဲ့လား …
သံသယတွေနဲ့ ဘောင်ခတ်တယ်ဆိုတာ
ငါ့အကျင့်မှ မဟုတ်တာပဲကွယ် …
နင်အနှောက်အယှက်မဖြစ်အောင်
ငါ့မာနတွေချနင်း အိပ်မက်တွေရိုက်ချိုး
မမြင်ကွယ်ရာ ရှောင်ပုန်းရင်း
သက်ပြင်းတွေနဲ့ အိပ်မောကျတတ်အောင် ကြိုးစားနေတာပါ …
မျှော်လင့်ခြင်း တံခါးဝဆီရောက်တိုင်း
ဗလာကျင်းနေတဲ့ နင့်စိတ်ကို
ကြောက်ရွံ့နေတတ်ခဲ့လို့ …
ကိုယ့်ကိုယ်ကို ဟန်ဆောင်ပြုံးပြရင်း
အိပ်မက်တွေကို လိမ်ညာခဲ့မိတာ …
အခုတော့ကွယ် …
အရာရာ တိတ်ဆိတ်နေပေမယ့်
နင့်စကားသံတွေ အခုထိကြားယောင်နေတုန်း …
ငါ့မျက်လုံးတွေထဲလည်း
နင့်ပုံရိပ်တွေ ရေးခြစ်နေတုန်းပေါ့ကွယ် …
ဟုတ်ပါတယ်
ငါဟာ လိမ်ညာတတ်တဲ့ သူပါကွယ့် …
ဒါကြောင့်
အတိုင်းအဆမဲ့ အိပ်မက်တွေမှာ နင့်ကိုထည့်မက်ရင်း
ငါ့ … ပုံရိပ်တွေ …………………….. အခုထက်ထိ …………… ။ ။

In: ကဗျာ Posted By: Date: Nov 12, 2012
Comment #1

——(-/-)

commentinfo By: မေပျို at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment