Professional Authors

မသက်ဆိုင်တော့တဲ့ ရင်ခုန်သံ !!

ရင်းနှီးဖူးခဲ့ကြပေမယ့်လည်း
တကယ်ကို သူစိမ်းဖြစ်သွားကြတာပဲကိုး
         ————————–
မမက်တော့ဘူးလို့ ထင်ထားခဲ့တဲ့ *အိမ်မက်*
တခါတလေ ငါကိုယ်တိုင် ပါဝင်နေခဲ့(မိ)ပြန်နေတယ်။

သတိမရတော့ပါဘူးလို့
ငါ ………ပြောနေပြီးတော့
အတွေးထဲမှာ ပုံရိပ်တွေက ထင်လှပ်နေတယ်။

သတိမရစေတဲ့ စိတ်အစဉ်ကနေ
အတိတ်က အရိပ်တွေကို မြင်ယောင်နေမိသေးတာပဲ
မေ့ဖျောက်ပစ်ဖို့က ဖြစ်နိုင်ပေမယ့်
ဖျောက်ဖျက်ပစ်လိုက်လို့မှ မရနိုင်တာလေ။

မလွမ်းဘူးလို့ပြောနေတဲ့
ငါ့ မျက်ဝန်းမှာလည်း
ဟိုးအရင်လို *မျက်ရည်တွေ စို့ရစ်နေပြန်တယ်*……….

မညာနဲ့လို့ ကြေငြာနေခဲ့တဲ့
ငါကိုယ် ငါတောင်
လိမ်ညာနေခဲ့မိတော့တယ်။

မသက်ဆိုင်တော့တဲ့ ရင်ခုန်သံတွေအတွက်
အေးစက်သွား(စေ)ခဲ့ပေမယ့်လည်း
တခါတရံ ငါကိုယ်တိုင် နွေးထွေး(စေ)ခဲ့ပြန်တယ်။

(၃ဝ-၈-၂ဝ၁၁)

In: ကဗျာ Posted By: Date: Aug 30, 2011
Comment #1

မသက်ဆိုင်တော့တဲ့ ရင်ခုန်သံတွေအတွက်
အေးစက်သွား(စေ)ခဲ့ပေမယ့်လည်း
တခါတရံ ငါကိုယ်တိုင် နွေးထွေး(စေ)ခဲ့ပြန်တယ်။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 30, 2011
Comment #2

မလွမ်းဘူးလို့ပြောနေတဲ့
ငါ့ မျက်ဝန်းမှာလည်း
ဟိုးအရင်လို *မျက်ရည်တွေ စို့ရစ်နေပြန်တယ်*……….

မညာနဲ့လို့ ကြေငြာနေခဲ့တဲ့
ငါကိုယ် ငါတောင်
လိမ်ညာနေခဲ့မိတော့တယ်။
..
ရင်ဘတ် ထဲ တည့် ကို မှန်တာပဲ

commentinfo By: အသဲကွဲမိုး at Aug 30, 2011
Comment #3

သတိမရတော့ပါဘူးလို့
ငါ ………ပြောနေပြီးတော့
အတွေးထဲမှာ ပုံရိပ်တွေက ထင်လှပ်နေတယ်။
မိုက်တယ်ဗျာ။အားပေးပါတယ်။

commentinfo By: yelaylover2010 at Aug 30, 2011
Comment #4

nice poem.

that’s why….we must believe,,,
lying isn’t good.
lie urself feel hurt much more than lie others.

commentinfo By: ei lay at Aug 31, 2011
Comment #5

ကျေးဇူးပါ၇ှင့်။ 🙂

commentinfo By: pannei at Aug 31, 2011
Comment #6

ရင်းနှီးဖူးခဲ့ကြပေမယ့်လည်း
တကယ်ကို သူစိမ်းဖြစ်သွားကြတာပဲကိုး
ကောင်းတယ် ဗျာ အားပေး နေပါတယ်

Comment #7

သတိမရစေတဲ့ စိတ်အစဉ်ကနေ
အတိတ်က အရိပ်တွေကို မြင်ယောင်နေမိသေးတာပဲ
မေ့ဖျောက်ပစ်ဖို့က ဖြစ်နိုင်ပေမယ့်
ဖျောက်ဖျက်ပစ်လိုက်လို့မှ မရနိုင်တာလေ။

Comment #8

မသက်ဆိုင်တော့တဲ့ ရင်ခုန်သံတွေအတွက်
အေးစက်သွား(စေ)ခဲ့ပေမယ့်လည်း
တခါတရံ ငါကိုယ်တိုင် နွေးထွေး(စေ)ခဲ့ပြန်တယ်။

🙁

commentinfo By: လမင်းဇော် at Sep 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment