Professional Authors

စီးဆင်းမြဲ .

ရေထဲမှာကိုင်းကျနေတဲ့ သစ်ပင်
အိမ်ထဲမှာရွာနေတဲ့ မိုး
ထီးတလက်က မဲနက်လို့
အိမ်ကိုပြန်လာတော့ နေဝင်နေပြီလေ
အရောင်တွေတောင်ဖြာကျနေလေရဲ့ …။

သတိ…ကျွံကျတတ်သည်တဲ့…..
စုံလုံးနစ်နေတဲ့ ခြေက………..
ကိုယ့်ကိုကိုယ်ပြန်ရှာဖို့တောင် ခပ်မဲ့မဲ့…။

တခါတလေက…..အချိန်တိုင်းလိုပါပဲ
ကားသံတွေကြားထဲ……….
ဒဏ်ရာရလို့ ………..
လမ်းပေါ်မှာ ကိုယ့်ကိုကိုယ်ပြန်ဆဲနေရတဲ့
လူမမာတကောင်ပါ..။
ဟုတ်တယ်…………………
ငါက လူမမာတကောင်ပါ…။

ခေါင်းစဉ်တခုပျောက်ဆုံးသွားကတည်းကပေါ့လေ..။

In: ကဗျာ Posted By: Date: Jul 28, 2011
Comment #1

ကိုလင်းအိမ်ရဲ့ရေးသားဟန်ကတမျိုးပဲ….
ကောင်းတယ်……အဲ့လိုပြယုတ်မျိုးကိုဆက်ရေးပါနော်…..

commentinfo By: May Kha at Jul 29, 2011
Comment #2

တခါတလေက…..အချိန်တိုင်းလိုပါပဲ
ကားသံတွေကြားထဲ……….
ဒဏ်ရာရလို့ ………..
လမ်းပေါ်မှာ ကိုယ့်ကိုကိုယ်ပြန်ဆဲနေရတဲ့
လူမမာတကောင်ပါ..။
ဟုတ်တယ်…………………
ငါက လူမမာတကောင်ပါ…။
ဆေးခန်းမသွားဘူးလား…။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #3

ရေထဲမှာကိုင်းကျနေတဲ့ သစ်ပင်
အိမ်ထဲမှာရွာနေတဲ့ မိုး
ထီးတလက်က မဲနက်လို့
အိမ်ကိုပြန်လာတော့ နေဝင်နေပြီလေ
အရောင်တွေတောင်ဖြာကျနေလေရဲ့ …။
တစ်ပုဒ်လုံး မိုက်တယ်..bravo..!!

commentinfo By: ဖိုးနမ်း at Aug 3, 2011
Comment #4

he,,he,,,
nar dot ma le bu.
phat loh dot a yan kaung tar be.
be lo hman dot ma ti bu.
he,,he,,

commentinfo By: ei lay at Aug 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment