Professional Authors

ပြည့်စေလိုသော ဆုတောင်း (Kitty Yang)

ငါမှားခဲ့တာတွေ
သိပါတယ် ချစ်သူရယ်
ပြင်ဆင်ခွင့်တွေက
ငါနဲ့မသက်ဆိုင်တော့ဘူးတဲ့
အတိတ်တွေကတော့ ငါ့ကိုအခါခါ
ခြောက်ခြားလို့နေဆဲ…။

အငိုမတိတ်ပါရစေနဲ့..
မျက်ရည်တွေကသာ
ငါ့ရင်ခွင်ကဒဏ်ချက်တွေကို
ခဏတာကုစားပေးကြတာ..
ဒီတစ်သက်တော့
ပျောက်ဖို့လမ်း သိပ်မရှိဘူးတဲ့။

မချစ်ရတော့ဘူးတဲ့လား..
ငါ့အချစ်တွေ..
နောက်ကျခဲ့တဲ့အတွက်
တောင်းပန်တယ်..
စောင့်စားခြင်းက ငါနဲ့
ထိုက်တဲ့အဖြေဆိုလည်း
ချစ်သူ….
ငါ့တစ်ဘ၀လုံးမင်းပိုင်တယ်။

အချစ်ကြီးသူက အရှုံးသမားတဲ့
ဒီတစ်ခါ ငါ့ရဲ့အလှည့်ပေါ့..
ခွင့်လွှတ်တတ်တဲ့စိတ်ကို
သတ်မရတော့
ကျေကျေနပ်နပ်ကြီးပါပဲ
အဲဒီ့နေ့ကစပြီး..
မင်းကိုရှုံးခဲ့တာ..။

မင်းရဲ့အငွေ့အသက်တွေက
ငါကိုအဖော်ပြုဆဲမို့
ပြုံးလိုက်၊ ငိုလိုက်နဲ့
ငါ့ဘ၀ကအရောင်စုံတယ်။

ဆုတောင်းပြည့်မယ်လို့
ဘယ်သူမှအာမ မခံလည်း
နေတိုင်းညတိုင်း…
ဆုတစ်ခုတည်းသာတောင်းလို့
ရှင်သန်နေမယ်…
“တစ်နေ့ သူငါ့ကို အရင်လို
ပြန်ချစ်ပါစေ…..။”

၂၀.၀၃.၂၀၁၀

In: ကဗျာ Posted By: Date: May 8, 2010
Comment #1

shake ခံစားချက်ချင်းတူတယ်ဗျာ … 🙂 ဆုတောင်းပြည့်ပါစေ.. ကျွန်တော်လည်း….

commentinfo By: soepyae at May 10, 2010
Comment #2

ဟုတ်.. အကိုလည်း ဆုတောင်းပြည့်ပါစေဗျာ.. ^^

commentinfo By: Kitty Yang at May 10, 2010
Comment #3

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို ..အထီးကျန်ခြင်းဆိုတာ ဘယ်မှာ ရှိမလဲ

commentinfo By: ဇွန် at May 26, 2010
Comment #4

🙂

commentinfo By: Kitty Yang at May 27, 2010
Comment #5

တစ်နေ့သူအရင်လိုငါ့ကိုပြန်ချစ်ပါစေလို့
အင်း
တောင်းဆုပြည့်ပါစေ
ထပ်တူခံစားပြီး တောင်းဆုပြုပါတယ် သူငယ်ချင်း……….

commentinfo By: ဖူးမေ at Jul 21, 2010
Comment #6

ညီမကတော့သူ့ရဲ့အချစ်နဲ့ဝေးပါစေလို့ဆုတောင်းလိုက်ပါတရ်
ပြင်ဆင်ခွင့်တွေကငါနဲ့မသက်ဆိုင်တော့ဘူးတဲ့

commentinfo By: ayeayethi at Aug 19, 2010
Comment #7

taung de su ne pyay par say,,
a chit ko tan phoe htar tat par say,,
wit ma le par say ne,,

commentinfo By: ei lay at Mar 3, 2012
Comment #8

ညီမက အဲလိုဆုမတောင်းချင် ပေမဲ့ နည်းနည်းတော့ မျှော်လင့်မိတယ်….

commentinfo By: Nge lay at May 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment