Professional Authors

ငါ့အကြောင်း ငါမပြောချင်ဘူး….

ငါ့အကြောင်း… ငါမပြောချင်ဘူးကွာ..

တောက်…!

ငါနဲ့… ငါက မတည့်ဘူး…

ငါပြောပြတာကို ငါကနားမထောင်ဘူး…

ငါကလုပ်ဆိုရင် ငါကလိုက်မလုပ်ဘူး…

ငါကအေးအေးဆေးဆေးနေပြီဆို… ငါကထသောင်းကြမ်းတယ်…

ငါ့ကို…  ငါက မှားနေပြီလို့ပြောတော့… ငါက မခံချင်ဘူး…၊

 

ငါ နဲ့ ငါ စကားများကြရော…

ငါပြောသမျှ ငါကပြန်ချေပတယ်…

ငါသိထားသလောက်နဲ့ ငါက… ငါ့ကိုပြန်ကိုင်ပေါက်တယ်…

ငါကြံစည်ထားသမျှ ငါကသိနေတော့…

ငါ့ကို… ငါက ပြောလို့မနိုင်တော့ဘူး…၊ 

 

ငါ နဲ့ ငါ စစ်ဖြစ်ကြတယ်…

ငါ နဲ့ ငါက အင်အားမမျှဘူး… ဒါပေမယ့်…

ငါ့ကို… ငါက နောက်ဆုံးအချိန်ထိ ခံချတယ်…

ငါ့ကို… ငါက ဒီလောက်ခေါင်းမာလိမ့်မယ်လို့ မထင်ဘူး…

ငါက… ငါပဲ… ငါ့ကို ဒီလိုလာစမ်းလို့ဘယ်ရမလဲ…

အဲဒါနဲ့ ငါလဲရှုံးသွားရော…

ငါ့ကို… ငါက ဖမ်းခေါ်သွားတယ်…၊

 

ငါ့ကို… ငါက အချိန်ရှိသမျှ ဆန့်ကျင်နေတယ်…

ငါ့ကိုမှားတယ်ပြောတာ ငါကမှမခံနိုင်တာ…

ငါ့အကြောင်း ငါ့လောက် ငါတောင် အပြည့်အဝမသိတာ…

ငါ့ကို “ ကိုယ့်အကြောင်း ကိုယ်သိအောင် အရင်လုပ် “ လို့… ငါကပြောတယ်…

အဲဒါပြောတာ… ငါ့ကို… ငါက ချုပ်နှောင်ထားတော့…

ငါခိုင်းသမျှ… ငါလိုက်လုပ်နေရတယ်…၊

 

ငါ့ကို ငါက တော်တော်တင်းနေတယ်…

ငါ နဲ့ ငါ သေသေချာချာ ဆွေးနွေးကြည့်တယ်…

ငါပြောတာကို ငါလက်ခံနိုင်တယ်… ဒါပေမယ့် ငါကသိပ်လက်မခံချင်ဘူး…

 ငါက “ ပုထုစဉ်ဆိုလဲ ငါကလူပဲ

ငါလုပ်တာ အမှားအမှန် ငါခွဲခြားနိုင်ရမှာပေါ့ “ လို့ဆိုတော့…

ငါက “ ငါ့ကိစ္စ ငါလုပ်တာ ငါအမြဲမှန်နေတာပဲ “ တဲ့

တောက်….!

ငါကွာ….!

အဲဒါတွေကြောင့်…

ငါနဲ့ ငါက ခုထက်ထိ မတည့်တာ…။

 

In: ကဗျာ Posted By: Date: Dec 20, 2010
Comment #1

ငါ ငါနဲ့ဆိုတော့ ရှုပ်သွားတာပဲ ဖတ်ရတာ….
ဒါပေမယ့်လည်း ကောင်းပါတယ် ………. လူအများစုက အဲလိုဖြစ်တတ်ကြပါတယ်ဗျာ
အားပေးသွားတယ်နော်

Leave Comments

Name*

Email*
Website
Email me whenever there is new comment