Professional Authors

မဝေးချင်ဘူး………

မေးခွန်းတွေက အထပ်ထပ်
ချစ်မိတော့လည်း တို့တစ်သက်
မမုန်းချင်ပေမဲ့လည်း လှည့်ထွက်
ဒုက္ခအသီသီနဲ့ ထားခဲ့
မချစ်လို့ ကြိတ်မှိတ်ပြီး နမ်းခဲ့တာမဟုတ်ပါဘူးကွာ……

တောင်းဆုတွေလည်း အဖန်ဖန်
နေချင်လှပြီ မြန်မြန်
လွမ်းလို့မနေနိုင်
မဝေးချင်ခဲ့တာ အမှန်………

ဘဝတစ်ခုတည်ဆောက်
မပြီးခင် ပြိုလဲရတဲ့အဖြစ်မျိုး ဘယ်လိုချင်ပမလဲ
သက်ထားရယ်….

အလွမ်းတွေကို ပွေ့ဖက်
မင်းအကြောင်းတွေ ငါခေါင်းထဲမှာထိုးနက်
အပျော်တစ်ခုအတွက်
လက်ကုန်ချစ်ခဲ့တာမဟုတ်
ဘဝကိုရင်း ဖောင်ဒေးရှင်းခံကာ
ဘဝသက်ဆုံး ရည်ရွယ်ခဲ့တာပါ…..

ကဗျာတွေလည်း ရှည်
သက်သေတွေက မိုးနဲ့မြေ
မလိုချင်ဘူး အမုန်းတွေ၊အလွမ်းတွေ
မထားခဲ့နဲ့ ငါရင်မှာလေ
တဆစ်ဆစ်ကိုက်တဲ့
အချစ်ပိုး ဘာလို့များတိုက်စားနေရတာလဲ…

မဟုတ်တာ မပြော
အပင်မရှိတဲ့ တောလို
ပူပြင်းလှတဲ့ နေမင်းကြီးအောက်
တစ်ယောက်တည်း မလွတ်ပါနဲ့….

အနမ်းတစ်ခု
အပြုံးတစ်ခုလောက်တော့ ကျန်ခဲ့စေချင်တယ်…….

အချစ်ရဆုံးချစ်သူရေ…မင်းကြားနိုင်ပါစေ………
                                                   စိုး……………

In: ကဗျာ Posted By: Date: Feb 24, 2012
Comment #1

myan myan kyar naing par say

commentinfo By: ei lay at Feb 24, 2012
Comment #2

တော်တော်လှတယ်

commentinfo By: kantkawmg at Feb 25, 2012
Comment #3

hote lar? soe,,,
ko kantkawmg ka be tone ka tway like dar le?

commentinfo By: ei lay at Feb 25, 2012
Comment #4

Thanks to ma ei lay and kokantkawmg

commentinfo By: soeoo at Feb 27, 2013
Comment #5

🙂

commentinfo By: ei lay at Mar 2, 2013
Comment #6

*-*
*-*

commentinfo By: ei lay at Apr 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment