Professional Authors

သိမ်မွေ့စွာအငွေ့ပျံခြင်း

တငွေ့ငွေ့နဲ့ ပဲ
အရူးမြင့်ခဲ့တယ်ထင်ပါရဲ့…

နေရင့်ရင့်အကြောင်းကိုတွေးရင်း
လက်ရှိစီးဆင်းမှုတွေမှာ
ကာရံတွေပျောက်ရှ သူမ ခြေသံတိုးတိုးနောက်
သတိရခြင်းတွေ မိနစ်မပြတ်ရွာတယ်…

မျက်နက်ဝန်းစိုလဲ့လဲ့တွေအောက်
ခိုလှုံခွင့်ပျောက်ဖူးတာတောင်မှ
ဆံနွယ်ခက်တွေရဲ့ ယိမ်းချင်းမှာ
သာယာနာပျော်နေတုန်းပေါ့…

လေညင်းနဲ့ခတ်တဲ့ စကားလုံးတွေ
ရွှေရောင်ခြယ်ရယ်သံတချို့နဲ့
ပျားဝတ်ရည်လိမ်းသော ရက်စွဲများ
ဘယ်လိုချေဖျက်မှုတွေက
ေ၀၀ါးစေနိုင်ပါ့မလဲ…

ကြိုးစားခဲ့ပါတယ်…
ဘယ်သောင်ဘယ်ကမ်းမှာမှ
ဆိုက်ရောက်ဘူတာမပြခဲ့သူ
ငြူစူမှာကြောက်တတ်နေရဲ့…

အဲဒါနဲ့
ရှိစုမဲ့စု လေးတွေထဲ
အိပ်မက်တွေစုဆောင်းရင်း
လုံးလုံးလျားလျား ရူးခြင်းကိုပဲ စောင့်ရတော့မယ်….

In: ကဗျာ Posted By: Date: Jul 25, 2011
Comment #1

ကိုယ့်ကိုကိုယ်ရူးနေတာသိရင်လဲဆေးသောက်ပေါ့…
အဲဒါ ရုပ်နဲ့ ဆိုင်တယ်..
ဂျပန်ကင်ပေတိုင်ရုပ်နဲ့ ရူးနေရင် ပိုဆိုးတယ်…
ဟား..ဟားးး

commentinfo By: minratha at Jul 29, 2011
Comment #2

ကြိုးစားခဲ့ပါတယ်…
ဘယ်သောင်ဘယ်ကမ်းမှာမှ
ဆိုက်ရောက်ဘူတာမပြခဲ့သူ
ငြူစူမှာကြောက်တတ်နေရဲ့…

အဲဒါနဲ့
ရှိစုမဲ့စု လေးတွေထဲ
အိပ်မက်တွေစုဆောင်းရင်း
လုံးလုံးလျားလျား ရူးခြင်းကိုပဲ စောင့်ရတော့မယ်….
စောင်နိုင့်ပါ့မလား….။

commentinfo By: ဆည်းဆာ at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment