Professional Authors

မြူတိမ်လွှာအငွေ့သက်များကိုနမ်းရှိုက်ခြင်း

လမင်းလေးကိုငေးနေမိတယ်
ရွှေတိဂုံဘုရားရဲ့မိုးကောင်းကင်ယံမှာ သာတုန်းက ဘဲဥပုံလမင်းလေး အခုတော့ မဟာမြတ်မုနိဘုရားကောင်းကင်ယံမှာ
စက်ဝိုင်းလေးဖြစ်နေပါပြီလား ဂေါဝန်ဆိပ်ကမ်းမှာတစ်ယောက်တည်းလမ်းတွေလျှောက်ရင်း ဗိုလ်တစ်ထောင်ကမ်းနားရဲ့ပုံရိပ်ကိုပြန်လည်ရှာဖွေနေဆဲပါ ရန်ကုန်မှာသောက်တုန်းက ရေခဲသေတ္တာထဲကထုတ်လာတဲ့ ရေနွေးကြမ်း အခုတော့မန္တလေးမှာရှေးမူမပျက် ပူပူလေးပြန်ဖြစ်သွားပြီပေါ့ ဧရာဝတီတံတားပေါ်မှာ မတ်တပ်ရပ်ရင်းနဲ့ မဟာဗန္ဓုလ တံတားကြီးကိုစိတ်ထဲမိမြင်ယောင် ခံစားကြည့်မိနေဆဲပါ Diamond Plazaအပေါ်ဆုံးထပ်မှာ Ice hockey ခုံလေးကိုမြင်တိုင်း Dagon Centreမှာတုန်းကလိုအတူဆော့ပေးမယ့်သူရှာမိဆဲပေါ့
မြို့တော်ဥယျာဉ်ကိုသွားပြီးတော့ ပြည်သူ့ရင်ပြင်နဲ့ တူလေမလား ခံစားကြည့်မိနေဆဲပါ ကျုံးဘေးမှာလောလောလတ်လတ်ပြောင်းတပ်ထားတဲ့ မီးပွိုင့်လေးခုတန်းလေးတွေမြင်တိုင်း ရန်ကုန်များရောက်နေလားလို့ အသက်ရှုရပ်မိနေဆဲပါ ညနေခင်းတရုတ်တန်းမှာဖြတ်လျှောက်မိတိုင်း တစ်ချိန်ကအတူတူလက်တွဲလျှောက်ခဲ့ကြဖူးတဲ့ ဗိုလ်တစ်ထောင်လမ်းလေးဘေးက ဆိုင်တန်းအချို့ကိုမြင်ယောင်နေမိဆဲပါ ညနက်သန်းခေါင်ယံမှာဆိုရင်လဲအိပ်ခန်းနံဘေးက မှန်ပြတင်းလေးတွေဟာ ရန်ကုန်ကအပြန်မှာစီးခဲ့ရတဲ့ busကားမှန်တွေလိုပဲ မှောင်မိုက်နေဆဲပါ ညအိပ်ချိန်တစ်ရေးနိုးတဲ့အခါတိုင်း အိမ်မက်လိုလို စိတ်ကူးလိုလိုနဲ့ ငါ့ရဲ့ဘေးနားလေးမှာ နှုတ်ခမ်းလေးစိ မျက်လုံးလေးကိုတည့်တည့်ကြည့်ပြီး ကြောင်တောင်တောင်လေးရယ်ပြနေတဲ့ နင့်ကိုမြင်မိနေဆဲပါ နင်ဝတ်ခဲ့ဘူးတဲ့ ငါ့ရဲ့အနွေးထည်လေးကိုငါပွေ့ဖက်နမ်းရှိုက်ရင်း နင့်ရဲ့အငွေ့အသက်တစ်ချို့ကို ပြန်ရှာဖွေကြည့်မိနေဆဲပါ နင်ခေါက်ပေးခဲ့တဲ့ပုံစံလေးအတိုင်း ငါ့ရဲ့အင်္ကျီတွေကို တူအောင်ခေါက်ကြည့်မိနေဆဲပါ မနက်အိပ်ရာထခေါင်းဖြီးဖို့ပြင်လိုက်တိုင်း တစ်ချိန်တုန်းကငါ့ဆံပင်ကိုဖြီးသပ်ပေးခဲ့ဖူးတဲ့ လက်လေးကိုစမ်းတဝါးဝါး တမ်းတမိနေဆဲပါ အစာစားတိုင်းလဲ ခွံ့ကျွေးခဲ့ဖူးတဲ့အတိတ်လေးတွေကိုလွမ်းဆွတ်ရင်း ပေကျံသွားရင် သုတ်ပေးမယ့်သူကိုလိုက်ရှာနေမိဆဲပါ နမ်းရှိုက်ခဲ့ဘူးတဲ့နင့်ရဲ့ပါးပြင်ထက်က ရနံ့လေးတွေ စွဲမက်မိနေဆဲပါ ပေးခဲ့ဘူးတဲ့ အကြင်နာအနမ်းတွေနဲ့ နင့်ရဲ့နှုတ်ခမ်းပါးလေးကို တမ်းတနေမိဆဲပါ နောက်ဆုံးနှုတ်ဆက်ချိန်မှာမျက်ရည်လည်နေတဲ့ မျက်လုံးလေးတစ်စုံနဲ့ နှုတ်ခမ်းလေးကိုပြုံးပြီးလက်ပြနေရင်းကနေ မျက်နှာကိုလက်နဲ့အုပ်ပြီး ဆန့်ကျင်ဘက်အရပ်ကို ပြေးထွက်သွားခဲ့တဲ့ နင့်ရဲ့ပုံရိပ်လေး ပြန်မြင်ယောင်တိုင်း မျက်ရည်ဝဲမိနေဆဲပါ လေမှာလွင့်မျောနေတဲ့တိမ်တိုက်လေးတွေနဲ့အတူ ငါ့ရဲ့စိတ်တွေလဲမျောလွင့်နေဆဲပါ တဖွဲဖွဲကြွေကျနေတဲ့နှင်းမှုန်လေးတွေနဲ့အတူနင်မရှိတဲ့အရပ်မှာ တစ်ယောက်တည်း စိတ်ဓာတ်တွေမြေခနေဆဲပါ ထားရှိခဲ့ကြဘူးတဲ့ကတိစကားလေးတွေကိုအဖော်ပြုရင်းဆက်လက်ရှင်သန်နေပေမယ့် မမြင်နိုင်တဲ့ကံကြမ္မာကို မျှော်တွေးရင်းကြောက်မိနေဆဲပါ နှစ်ယောက်အတူတူပြန်ဆုံနိုင်ပါ့မလားစိုးထိတ်ရင်း ဘုရားရှေ့မှာဒူးထောက်ဆုတောင်းနေမိဆဲပါ နှုတ်ဆက်ထွက်ခွာသူနဲ့ လက်ပြကျန်ရစ်သူဘယ်သူကပိုပြီးခံစားရမလဲဆိုတဲ့မေးခွန်းကိုလဲ အဖြေရှာနေဆဲပါ လေပြည်လေးတွေကိုပြန်လည်တမ်းတရင်း မုန်တိုင်းကြားထဲမှာလူးလိမ့်ရင်း သက်တံ့လေးကိုမျှော်နေမိဆဲပါ အပြာရောင်ကောင်းကင်ကြီးဟာ ညို့မှိုင်းမှိုင်းနဲ့ မြူတွေဆိုင်းနေခဲ့ပါပြီ လှပတဲ့နေ့ရက်လေးတွေကို အတွေးထဲမှာထည့်ရင်း ဒိုင်ယာရီစာအုပ်လေးကိုပိတ်ပြီး ခေါင်းအုံးလေးပေါ်မှာလဲလျောင်းရင်း အိမ်မက်ထဲကနေ နင့်ကိုကြိုနေပါ့မယ် ချစ်သူရယ်…….

In: ဆောင်းပါး Posted By: Date: Jan 31, 2013
Comment #1

feel so much sorry for u.
🙁

commentinfo By: ei lay at Feb 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment