Professional Authors

ငါကြိုးစားခဲ့ပါတယ်.

..
ငါ…သွားလာနေကြ..
ဒီလမ်းမကြီး….မင်းရှိလာတဲ့အတွက်
ထူးခြားစွာ..ကြည်နူးတတ်ခဲ့တယ်

မင်းထားခဲ့တဲ့နောက်…..
ဒီလမ်းမကြီး ထက်..ရှောင်ပြေးဖို့ခွန်အားနည်း….
အတိတ်ငွေ့ငွေ့လေးတွေ..ထဲ
မင်းအရိပ်လေးလိုက်ရှာ…..
မျက်ရည်စို့လာတဲ့အခါ
.ငိုသံမထွက်စေဖို့………ငါကြိုးစားခဲ့ပါတယ်။

မင်းပြောတတ်တဲ့…စကားလုံးတွေ
မင်းwritting နဲ့ ခပ်ဆင်ဆင်တွေ
ငါမြင်လိုက် ကြားလိုက်တိုင်း….
အသည်းထဲထိလှုပ်ခတ်အောင်
လွမ်းဆွတ်တတ်လွန်းလို့………
ငါ..အဝေးကြီးပြေးထွက်ချင်.တဲ့အခါ..
မင်းဆီရောက်မသွားစေဖို့…….ငါကြိုးစားခဲ့ပါတယ်။

ငါမျက်ရည်တွေနဲ့သီတန်း…
အလွမ်းသက်သေ..ကဗျာတွေ……
ငါ့အချစ်နဲ့စေလွှတ်….ချစ်တဲ့စာလွှာများ..
ရည်စူးသူ မင်းထံ………..
ငါ..ပေးပို့မြင်စေချင်..တိုင်း……….
ငါ့ရင်ထဲက…ထွက်ကျမလာစေဖို့……ငါကြိုးစားခဲ့ပါတယ်။

ငါကြိုးစားခဲ့ပါတယ်…..မင်းမလိုချင်ဘူးဆိုတဲ့အတွက်.
ငါကြိုးစားနေတုန်းပါပဲ………မင်းအတွက်…အားလုံးရပ်တန့်အောင်
ငါ့ကိုယ်ငါ မြေမြုပ်နေလဲ……
မင်းမမြင်လိုတဲ့…ဒီဘက်ခြမ်း…မှာ
အချစ်တွေ..ဆက်လက်ရှင်သန်နေဆဲမို့….
ငါကြိုးစားနေရတုန်းပါပဲ။

In: ကဗျာ Posted By: Date: Oct 9, 2010
Comment #1

အရမ်းခံစားရပါတယ်
ဒီကဗျာလေးကိုအရမ်းသဘောကျပါတယ်

commentinfo By: hmwehmwe at Oct 9, 2010
Comment #2

အရမ်းကြိုက်မိပါတယ်
ရှင်သန်နေဆဲချစ်ခြင်းများ အတွက်ခံစားချက်ထပ်တူမိပါတယ်

commentinfo By: poem lover at Oct 9, 2010
Comment #3

အရမ်းကိုခံစားရတယ်
တိုက်ဆိုင်မှုရှိ/မရှိ လူတိုင်းခံစားရမှာပါ

commentinfo By: myatmyatthin at Oct 10, 2010
Comment #4

မျက်ရည်စို့လာတဲ့အခါ
.ငိုသံမထွက်စေဖို့………ငါကြိုးစားခဲ့ပါတယ်။
ကိုယ်လဲအဲလိုကြိုးစားခဲ့ဘူးတယ်
ဒီကဗျာလေးကခံစားချက်နဲ့တူလို့လားမသိဘူး
အ၇မ်းကြိုက်ပါတယ်
နောက်လည်း
ဒီလိုမျိုး
ကောင်းတယ့်ကဗျာတွေ
ဆက်ေ၇းနိုင်ပါစေနော်
ဆုတောင်းပေးလိုက်တယ်

commentinfo By: hnin.phwe.lay at Oct 11, 2010
Comment #5

comment တွေအတွက်..ကျေးဇူး အများကြီးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Oct 13, 2010
Comment #6

nice and nice and nice again and again…
Congrat….!!!

commentinfo By: blackmossess at Feb 17, 2011
Comment #7

thank thank again !!!!

commentinfo By: အသဲကွဲမိုး at Feb 19, 2011
Comment #8

ငါကြိုးစားခဲ့ပါတယ်…..မင်းမလိုချင်ဘူးဆိုတဲ့အတွက်.
ငါကြိုးစားနေတုန်းပါပဲ………မင်းအတွက်…အားလုံးရပ်တန့်အောင်
ငါ့ကိုယ်ငါ မြေမြုပ်နေလဲ……
မင်းမမြင်လိုတဲ့…ဒီဘက်ခြမ်း…မှာ
အချစ်တွေ..ဆက်လက်ရှင်သန်နေဆဲမို့….
ငါကြိုးစားနေရတုန်းပါပဲ။

Comment #9

မင်းပြောတတ်တဲ့…စကားလုံးတွေ
မင်းwritting နဲ့ ခပ်ဆင်ဆင်တွေ
ငါမြင်လိုက် ကြားလိုက်တိုင်း….
အသည်းထဲထိလှုပ်ခတ်အောင်
လွမ်းဆွတ်တတ်လွန်းလို့………
ငါ..အဝေးကြီးပြေးထွက်ချင်.တဲ့အခါ..
မင်းဆီရောက်မသွားစေဖို့…….ငါကြိုးစားခဲ့ပါတယ်။

commentinfo By: poohmay at Mar 10, 2012
Comment #10

မင်းထားခဲ့တဲ့နောက်…..
ဒီလမ်းမကြီး ထက်..ရှောင်ပြေးဖို့ခွန်အားနည်း….
အတိတ်ငွေ့ငွေ့လေးတွေ..ထဲ
မင်းအရိပ်လေးလိုက်ရှာ…..
မျက်ရည်စို့လာတဲ့အခါ
.ငိုသံမထွက်စေဖို့………ငါကြိုးစားခဲ့ပါတယ်။

commentinfo By: ayokelay at Mar 11, 2012
Comment #11

မင်းပြောတတ်တဲ့…စကားလုံးတွေ
မင်းwritting နဲ့ ခပ်ဆင်ဆင်တွေ
ငါမြင်လိုက် ကြားလိုက်တိုင်း….
အသည်းထဲထိလှုပ်ခတ်အောင်
လွမ်းဆွတ်တတ်လွန်းလို့………
ငါ..အဝေးကြီးပြေးထွက်ချင်.တဲ့အခါ..
မင်းဆီရောက်မသွားစေဖို့…….ငါကြိုးစားခဲ့ပါတယ်။

commentinfo By: Fourteen4 at Oct 27, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment