Professional Authors

စေစားရာ

ခပ်ယဲ့ယဲ့ အပြုံးလေးနောက်က

ခပ်သဲ့သဲ့ ရှိုက်သံလေးစွက်နေတယ်

နေပျော်ခဲ့တာမဟုတ်ပေမယ့်

ပျော်သလိုတော့ နေခဲ့မိတာလေ

ယုံကြည်မှုပျောက်ဆုံးတော့မှ

လက်တွေ့မဆန်ခဲ့ဘူး ငြင်းမိတော့မယ်

 

ဒီနေရာ ဝေဒနာထုတ်ပြလို့မကောင်းသလို

ရင်နာတာလဲမကြေငြာသင့်ဘူး

မခေါ်ပဲရောက်လာခဲ့တာပဲ

မနှင်ခင်ပြန်ထွက်သွားသင့်တာသိတယ်

အရှုံးလို့တရားဝင်မကြေငြာပါနဲ့

အနိုင်ရယ်လို့ တစ်ခါမှမမျှော်လင့်ဖူးဘူး

 

နင်ဖြေသာဖို့ ငါ့နေရာဘာဆိုတာ

မသိသလိုလှည့်ထွက် နင်ကျေနပ်စေရမယ်

တကယ်လို့

လဲကျပြမှ ဘ၀င်ကျမယ်ဆိုရင်တော့

ခပ်ယဲ့ယဲ့ အပြုံးလေးနောက်က

ခပ်သဲ့သဲ့ ရှိုက်သံလေးစွက်ခွင့်ပြုပါနော်…

 

In: ကဗျာ Posted By: Date: Jul 25, 2011
Comment #1

ဒီနေရာ ဝေဒနာထုတ်ပြလို့မကောင်းသလို

ရင်နာတာလဲမကြေငြာသင့်ဘူး

မခေါ်ပဲရောက်လာခဲ့တာပဲ

မနှင်ခင်ပြန်ထွက်သွားသင့်တာသိတယ်

အရှုံးလို့တရားဝင်မကြေငြာပါနဲ့

အနိုင်ရယ်လို့ တစ်ခါမှမမျှော်လင့်ဖူးဘူး …။
ကောင်းပါတယ်….။

Comment #2

နင်ဖြေသာဖို့ ငါ့နေရာဘာဆိုတာ

မသိသလိုလှည့်ထွက် နင်ကျေနပ်စေရမယ်

တကယ်လို့

လဲကျပြမှ ဘ၀င်ကျမယ်ဆိုရင်တော့

ခပ်ယဲ့ယဲ့ အပြုံးလေးနောက်က

ခပ်သဲ့သဲ့ ရှိုက်သံလေးစွက်ခွင့်ပြုပါနော်…ကြိုက်တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jul 25, 2011
Comment #3

ကောင်းတယ်ဗျာ

commentinfo By: HEROSMITH at Jul 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment