Professional Authors

ပြန်လိုချင်ပါတယ်(ဒါပေမယ့်)

ငါက…
နင့်မျက်နှာကိုကြည့်
နင်စိတ်ဆိုးတိုင်း
ချော့ခဲ့ဖူးတယ်။
ငါက…
နင့်အလိုက်ထိုက်နေ
နင်ပြောတဲ့စကားတိုင်း
လက်ခံခဲ့ဖူးတယ်။
ငါက…
နင်ဟန်ဆောင်သမျှ
နင်ရဲ့ယောကျာ်းမာယာတွေထဲ
နစ်မျောခဲ့ဖူးတယ်။
နင်ပြောသမျှ
အဟုတ်ကြီးထင်
နင်ပြောတဲ့စကားတိုင်းကို
ဖြစ်နိုင်ရင်
ရွှေကွပ်ထားပေးချင်တယ်။
စိတ်ဆိုးရတာကို
ငြိးငွေ့တယ်။
စကားများရတာကို
စိတ်ညစ်တယ်။
ဘယ်မှာလဲ…
တစ်ချိန်က နင် ပြောဖူးတဲ့
ချစ်သူဘ၀နားလည်မှု
အရင်အချိန်တွေကို
ပြန်လိုချင်ပါတယ်။
ဒါပေမယ့်.
မပြောတော့ပါဘူး။
နင် ဟန်ဆောင်ခဲ့တာလေ။

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

တစ်ချိန်က နင် ပြောဖူးတဲ့
ချစ်သူဘ၀နားလည်မှု
အရင်အချိန်တွေကို
ပြန်လိုချင်ပါတယ်။

commentinfo By: May Kha at Sep 6, 2011
Comment #3

ပြန်လိုချင်ရင် အရင်လိုပြန်နေကြည့်ပေါ့ဗျ…
ခင်ဗျားဘက်က ပြေားလဲလာလို့လဲနေမှာပါ
အားပေးသွားတယ်
သက်ငယ်…

commentinfo By: ချမ်းငြိမ်းအောင် at Sep 20, 2011
Comment #4

he,,he,,

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment