Professional Authors

ကောင်းမွန်စွာမတုံ့ပြန်နိုင်ခြင်း

ခပ်ဖွဖွလေး ၀င်ရောက်ခဲ့တာပဲ

မထင်မိလိုက်ဘူး ငါ့ကြောင့်ကွဲအက်သွားမယ့်

နင့်နှလုံးသားအစုံအတွက်

ငါဘယ်လိုပေးဆပ်မှုနဲ့မှ ထိုက်တန်တော့မလဲ

 

နင်ဘယ်သိခဲ့မလဲ

နင်ဆိုတာ ၀င်မလာခင်တည်းက

ဖြူစင်မှုနဲ့ ငါမြတ်နိုးခဲ့သူတစ်ယောက်

ငါတန်ဖိုးထားခဲ့ရသူတစ်ယောက်

 

မထိုက်တန်ခဲ့လို့ပါ

ငါဆိုတာ ဒဏ်ရာတွေနဲ့ရှင်သန်ခဲ့သူ

နင်အတွက်တော့ အသုံးမ၀င်တဲ့အမှိုက်မို့

အရှိုက်ထိအောင် ချစ်ခဲ့ပေမယ့် ငါဝန်မခံဝံ့ဘူး

 

တကယ်ပါဟာ

လွမ်းနေကျအချိန်တိုင်း နင်ဆိုတာ

ဘယ်သူဘယ်ဝါမှန်း ငါသိစရာမလိုအောင်

တည်ရှိနေခဲ့တဲ့ စိတ်အစဉ်မှာ အရင်ကတော့ နင်မသိလဲဖြစ်တယ်လေ

 

မပြောပါနဲ့ချစ်သူ

နင့်အပြင် နင့်အရင်ကရော

နင့်မဟုတ်တဲ့ နောက်တစ်ယောက်ဆိုတာ

ငါ့အတွက်တော့ မနှိုင်းအပ်တဲ့အရာ မယှဉ်သင့်တဲ့တန်ဖိုး

 

ငါသိပ်မြတ်နိုးခဲ့လို့လေ…

နင်မသိအောင်သိမ်းထားတဲ့

နင်တန်ဖိုးထားတဲ့အရာ

အလွယ်ကူဆုံး ငါ့အပြုံးနောက်မှာ တိတ်တဆိတ်ပဲ ၀ှက်ထားလိုက်တယ်

 

ဘယ်တော့မှ မသိစေချင်ဘူး

နင့်ကိုငါပြောပြမယ့် အနာဂတ်တွေအကြောင်း

နင်မသိခဲ့တဲ့ ငါ့အတိတ်က မှောင်မဲမှုတွေအကြောင်း

ငါချမပြခဲ့တဲ့ နင့်အပေါ်ထားတဲ့ သံယောဇဉ်တွေအကြောင်း

 

တစ်ချိန်ချိန်သိမှာပါချစ်သူ

ငါဆိုတာ ဘယ်နေရာမှ မတော်နေတော့လဲ

နင်ဆိုတာနဲ့ နှိုင်းယှဉ်ဖို့ ဖြူစင်မှုရှာတာတောင်

ငါ့ပိုင်ဆိုင်တဲ့ အရောင်က ခပ်ဖျော့ဖျော့ရယ်လေ

 

ဝင်လာချင်တာပေါ့

နင်ကမ်းတဲ့လက် ငါ့အတွက်အခက်ဖြစ်နေတော့

သိမ်ငယ်မှုနဲ့စိုးရွံ့ အပြစ်ဆိုတာ ကျူးလွန်မိမှာမို့

ငါ့ခွန်အားတွေ သေးနုတ် ခပ်ကုတ်ကုတ်ပဲနေချင်တော့တယ်

 

အလိုက်သိလှည့်ထွက်စေချင်တယ်

ချိုးဖောက်မိတော့မယ့် မြစ်တစ်စင်း

အရှိန်ပြင်းပြင်းနဲ့ စီးဆင်းလာတော့ နင့်ဆီမရောက်

ဘယ်ခရီးပေါက်အောင် ငါကလမ်းဖောက်နိုင်စွမ်းမရှိတော့လို့လေ

 

ရပ်နားလိုက်မိတယ်ပေါ့

ငါမမျှော်လင့်တဲ့အေးချမ်းမှု

ငါမရခဲ့တဲ့ ပျော်ရွှင်မှု

နင်ဆိုတာ အတားအဆီးမရှိ ငါ့ဆီပေးအပ်လိုက်လို့

 

နင့်ကိုပြောပြဖို့လေ…

မထိုက်ပေမယ့် နင်ပေးခဲ့တော့

ငါရရှိလိုက်တဲ့ နင့်ဖြူစင်မှုချစ်ခြင်း

ငါ့အမှောင်ကမ္ဘာကိုလင်းစေခဲ့တယ်ချစ်သူ

In: ကဗျာ Posted By: Date: Jul 24, 2011
Comment #1

nice.

commentinfo By: ei lay at Jul 24, 2011
Comment #2

မပြောပါနဲ့ချစ်သူ

နင့်အပြင် နင့်အရင်ကရော

နင့်မဟုတ်တဲ့ နောက်တစ်ယောက်ဆိုတာ

ငါ့အတွက်တော့ မနှိုင်းအပ်တဲ့အရာ မယှဉ်သင့်တဲ့တန်ဖိုး
ကြိုက်တယ်…အများကြီး

commentinfo By: အသဲကွဲမိုး at Jul 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment