Professional Authors

ကွာဝေးခြင်းမှ နီးစပ်ခြင်းသို့…

 

တစ်ခုခု စိတ်တိုသွားရင်

ငါက ပေါက်ကွဲလိုက်တယ် မင်းက မျက်နှာလွှဲလိုက်တယ်

အဲဒီမှာငါတို့ စလွဲတယ်

တစ်ခုခု စိတ်ညစ်သွားရင်

ငါက မင်းဘက်ကိုလှမ်းကြည့်တယ် မင်းက တစ်ခြားအပြင်ဘက်ကိုကြည့်တယ်

အဲဒီမှာ ငါတို့ စလွဲတယ်

တစ်ခုခု အစရှာရရင်

ငါက မျက်နှာထားတင်းလို့ မဲ့ပြုံးတွေတရစပ် ပြုံးတယ်

မင်းက မျက်နှာထားလျော့လို့ မျက်ရည်တွေ တရစပ်ကျတယ်

အဲဒီမှာ ငါတို့စလွဲတယ်….

အဲဒီအလွဲတွေကိုက ငါတို့ကို ပေါင်းစည်းပေးတယ်

သူတို့ပြောသလို နင်ကဘယ်ဘက်ဆို ငါက ညာဘက်

ငါက ဘယ်ဘက်ဆို နင်ကညာဘက်

အဲတော့ နင်ကငါ့ရဲ့ပျောက်ဆုံးနေတဲ့အခြမ်း ငါကနင်လိုက်၇ှာနေတဲ့နင့်အတွက်ပြည့်စုံမှုဖြစ်သွားတယ်…..။

In: ကဗျာ Posted By: Date: Jul 21, 2011
Comment #1

အားေ​ပး​သွား​ပါ​တ​ယ်

commentinfo By: Village chat kyi at Jul 21, 2011
Comment #2

တစ်ခုခု အစရှာရရင်

ငါက မျက်နှာထားတင်းလို့ မဲ့ပြုံးတွေတရစပ် ပြုံးတယ်

မင်းက မျက်နှာထားလျော့လို့ မျက်ရည်တွေ တရစပ်ကျတယ်

အဲဒီမှာ ငါတို့စလွဲတယ်….

Comment #3

Super like

commentinfo By: ei lay at Oct 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment