Professional Authors

အရိပ်ချစ်သူ – နရီထက်

ခင်နှောင်းရေ
မှန်းဆတမ်းရီ တွေးစခါတည်
မြကေသာ ဆံသာထောက်ရယ်
ဝင်းပပ လှကြည်သာ
မျက်နှာဝိုင်းလေးကိုလ
ကော့မျက်သွယ် အ၀ိုင်းစားလေး
ပျားရည်ဆမ်းမျက်လုံးလေးကွယ်
ပွင့်အာလွှာ နှင်းဆီနီသား
မထူမပါး မင်းနှုတ်ခမ်းလွှာရယ်
သွယ်လျ ကော့ရင် ပြေမြစ်
ကျော့လှ သွယ်ဝိုက်ကာချ
မင်းကိုယ်နေ ဟန်ထား
ဖြူဆွတ်ဝါစို ထိန်လင်းရယ်သာ
မင်းအသားအရေတွေလား
ပြုံးအလှတွေနှင့် ချစ်စရာရူပတွေရယ်
မနောက ဖြူတယ်
စကားကအေး သွက်လျလေး
ရင်မှာစွဲမက် တရိပ်ရိပ်နှင့်
မင်းအရိပ်တွေ လိုက်လာနေတယ်
အို . . . . ခင်နှောင်းရဲ့။    ။

နရီထက်
( ၂၂ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment