Professional Authors

သြဝါဒ

မျက်မြင်မှာ ဥာဏ်တွဲလို့
အနဲနဲ ရူပါ
ငရဲနှင့် လူ့ရွာ
ခုအခါ မခြား။

မီးသုံးရပ် ဗလောင်ဆူ
အကောင်ပူ သင်းတို့ဖြစ်လား။

စိတ်ရတက် အညစ်ထူ
အပြစ်မူ ထွေပြား
တတွေတွေ သေလို့သွားလျှင်လ
တဖွာဖွားအောက်မှာ။

ယမနယ် ဘုံအနှုန်း
အကုန်လုံး စုကြမည်သာ။

သို့ကလောက် လူ့ငြမ်းဟာကို
ရှုစမ်းပါ ညီလှရဲ့
မှီသမျှ ဥာဏ်ကုန်မျှော်နော်
ရောလို့မတော်။

အလိုလိုက်လို့ အငိုက်ချော်လျှင်
တဟိုက်ဟော်ဟော် ညီမောရှာလိမ့်လေး။   ။
(တေးထပ်)                လယ်တီဆရာတော်

(ဤတေးထပ်သည် လယ်တီဆရာတော်က တပည့် ဦးသူရိန္ဒအား ရေးပေးသော ဆုံးမစာတေးထပ်ဖြစ်ပါသည်။)

In: ကဗျာ,Others Posted By: Date: Jul 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment