Professional Authors

လက်ပံမြိုင်ငှက်

မတူတန် တုဖက်က
မှုအချက် မှားရန်
လက်ပံမြိုင့် ဌာနစံဝယ်
အာကမာန် ပိတ်ဖုံး။

ရှားတောငှက ဂနိုင်စံကို
မပြိုင်တန် သင်းပြိုင်လို့ရှုံး။

ခုလောက လူရှင်
မူအစဉ် လက်သုံး
ငလက်ပံ ငှက်ထုံး
တသက်လုံး စွဲမှီ။

ဆရာ အခွါစော
ငါတကော ကောကြရမည်။

မိသောဖသော နားမလည်တယ်
အသားအရည် သူကကြီးလို့
အိုးသီးအိမ်သီး တဂုဏ်တသိန်
ခွဲတဲ့ရမှမြိန်။

ကိုယ့်ပမာဏ နှိုင်းမချိန်တယ်
အနက်အတိမ် ထောက်ထားပြီဘုလေး။  ။
(တေးထပ်)            လယ်တီဆရာတော်

(ဤတေးထပ်သည် လယ်တီဆရာတော်က တပည့်ဖြစ်သူ မောင်သြဇာအား ရေးပေးသော ဆုံးမစာတေးထပ်ဖြစ်ပါသည်။)

In: ကဗျာ,Others Posted By: Date: Jul 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment