Professional Authors

ကြင်နာခြင်းကို သင် (ချစ်သူ) ကြိုက်သလို သုံးဆောင်ပါလော့

အသည်းတံခါး တစ်ချပ်ရှိတယ်
ဖွင့်များဖွင့်ထားမလားလို့
စောင့်ကြည့် ခဲ့တာကြာပြီ
လက်များခံမလားလို့
တံခါးခေါက်ပေါင်းလည်း များပြီ
သတိများပြု မိမလားလို့
ဖြတ်လျှောက်ပေါင်းလည်း များပြီ
တကယ်လို့
ကောင်မလေးရေ
မင်းသာ လက်ခံမယ်  ဆိုရင်
တို့နှစ်ဦးကြားမှာ ခြားထားတဲ့
တံခါး တစ်ချပ်
တံတားတစ်စင်းအဖြစ်
ပြောင်းလဲသွားမှာပါ
သံယောဇဉ် ဆိုတာ
ခိုင်မြဲတယ်
မေတ္တာဆို တာ
အေးမြတယ်
ဂရုဏာ က တော့
စိတ်အေးချမ်းစေတယ်
စေတနာကလည်း
ပျော်ရွှင် မှုကိုပေးတယ်
အချစ်ဆိုတာကတော့
အဲ့ဒီအရာတွေ ကို ပေါင်းပြီးထုတ်ထားတဲ့
ရေခဲသေတ္တာတစ်လုံးပေါ့
အဲ့ဒါကို ကိုယ့်ရဲ့ရင်ခွင်နန်းတော်ထဲမှာပေါ့
မင်းဖွင့်ကြည့်နိုင်တယ်
ပြီးရင် မင်းကြိုက်တာကို
ယူသုံးဆောင်နိုင်တယ်
မင်းလက်ခံနိုင်တယ်ဆိုရင်ပေါ့
မင်းအနားမှာ ထာဝရပေါ့
တစ်နေ့နေ့ တစ်ချိန်ချိန်
ဆိုတာ မင်း နဲ့ ငါ့အကြားရှိလာမှာပါ
လူဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင် တာတဲ့
မင်းဆီက အချစ်ဆိုတဲ့ ဗီဇာရတာနဲ့
ကိုယ့်ရဲ ယုယ ကြင်နာမှုတွေဟာ
အလိုအလျှောက်မင်းဆီရောက်လာမှာပါ
အခု တော့
လေစိမ်းတွေရဲ့ကြား
ခြားနေတဲ့
တံခါးတွေရဲ့နောက်ကွယ်
ပေးခွင့်မရှိတဲ့ အချစ်တွေနဲ့
တိတ်တခိုး
ကြိတ်မှိတ်လွမ်းနေပါမယ်……။

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

အခု တော့
လေစိမ်းတွေရဲ့ကြား
ခြားနေတဲ့
တံခါးတွေရဲ့နောက်ကွယ်
ပေးခွင့်မရှိတဲ့ အချစ်တွေနဲ့
တိတ်တခိုး
ကြိတ်မှိတ်လွမ်းနေပါမယ်……။

commentinfo By: အသဲကွဲမိုး at Jul 20, 2011
Comment #2

excellent.

excellent.

excellent.

lone wa heart hti de.

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment