Professional Authors

ကာ၇ံ

အသံတိတ်ခြေရာဖျောက်သွားတဲ့နင့်ကို
မောင်းခတ်ပြီး တောနင်းရှာဖို့
Google တောင်မကူနိုင်တော့ဘူး။
Facebook ဆိုတဲ့ တိုင်းပြည်မှာလဲ
နင့်အကြောင်း ဝရမ်းထုတ်ထားတယ်။
Chatting ရွာမှာ တွေ့မလားလို့
Full hours ကင်းချထားလဲ
နင့်အကြောင်းက ပျောက်ဆုံးနေဆဲ……..။
နင့်စိတ်ကြိုက်အစပျိုး
နင့်လက်နဲ့ပေါင်းသင်
နင့်ကိုယ်နဲ့ရှင်သန်ခဲ့ပေမယ့်
နင့်ကြောင့်နဲ့ပဲ sign out ခဲ့တဲ့
သံစဉ်အတိ ကာရံမရှိ အချစ်တစ်ခုပါပဲ…….။
    (သူငယ်ချင်းကဗျာပါ။)

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

Facebook ဆိုတဲ့ တိုင်းပြည်မှာလဲ
နင့်အကြောင်း ဝရမ်းထုတ်ထားတယ်။

Leave Comments

Name*

Email*
Website
Email me whenever there is new comment