Professional Authors

ပေးနိုင်ခဲ့ပါတယ်

မယုံတတ်ပေမယ့်
ယုံကြည်မှုပေးခဲ့တယ်။

မယုယတတ်ပေမယ့်
ကြင်နာမှုတော့ ပေးခဲ့တယ်။

မနှစ်သိမ့်တတ်ပေမယ့်
နွေးထွေးမှုတော့ ပေးခဲ့တယ်။

မရယ်တတ်ပေမယ့်
အပြုံးတစ်ခုတော့ ပေးခဲ့တယ်။

မငိုတတ်ပေမယ့်
မျက်ရည်တော့ ကျခဲ့တယ်။

မရှုံးတတ်ပေမယ့်
အနိုင်တော့ ပေးခဲ့တယ်။

ငါမတတ်နိုင်ခြင်းတွေကို
ငါလုပ်နိုင်ခဲ့တယ်။

ငါနောင်တတွေရခဲ့တယ်
ငါ့ရဲ့ လုပ်နိုင်ခြင်းတွေအတွက်ပေါ့။
                             သူငယ်ချင်းကဗျာပါ

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

ငါမတတ်နိုင်ခြင်းတွေကို
ငါလုပ်နိုင်ခဲ့တယ်။

Leave Comments

Name*

Email*
Website
Email me whenever there is new comment