Professional Authors

ဖြေဆေး ( လူဆိုး )

ချစ်သူရေ ….

“ ခံစားခွင့် ” ဆိုတာ ကိုပိုင်တယ်ဆိုပေမဲ့

ချစ်သူရဲ့ “ အပြုံး” နဲ့မလွတ်ကင်းတဲ့ ပဲ့တင်သံတစ်ခုပါ ….

“ အလွမ်း ” ဆိုတာတော့သင်ကြားပေးခဲ့ပြီး

“ အလွမ်း” ပြေအောင်ဖြေနည်းကိုတော့

သင်ကြားမပေးခဲ့တဲ့ …. ချစ်တဲ့သူရေ

အခု ….ကိုတစ်ယောက်တည်း

ဆင်ကန်းတောတိုး ရင်ခုံသံတွေနဲ့

“ အလွမ်း ” ဆိုတာကြီးက နှိပ်စက်လို့

ဒီ“ အလွမ်း ” ဆိုတဲ့ ကွန်ဂယက်ထဲမှာ

လမ်းပျောက်နေလေရဲ့ …ချစ်သူ

“ နာကျင်မှု ” ဆိုတာ ဒဏ်ရာအကြီးအသေးနဲ့မဆိုင်ပါဘူးနော်

“ ခံစားမှု” ဆိုတဲ့ ကို့နှလုံးသားတစ်ခုလုံး

ပုံအောထားပြီး ချစ်ခဲ့လို့

ခုတော့ ….. ကို့နှလုံးသားလေး

ဒဏ်ရာနဲ့မမျှအောင် အချိန်ရှိတိုင်း

ဒီ“ အလွမ်း ” …ဒီ “ အလွမ်း ” ပဲပေါ့ ….ချစ်သူရယ်

ချစ်သူနဲ့တွေ့ဖြစ်တဲ့နေ့ကျရင်တော့

ချစ်ပေးခဲ့တဲ့ “ အလွမ်း ” တွေကိုဖြေဖို့

“ဖြေဆေး” လေးတော့ ပေးခဲ့ပါ …ချစ်သူ ..

ဖြေဆေးကတော့ ……

နာကျင်တဲ့ “ အလွမ်း” တွေကို …ကြင်နာတဲ့

ချစ်သူရဲ့ ..“ အနမ်း” ပေါ့ ….ချစ်သူရယ် ….

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

လူဆိုးကတော့ လုပ်ပြန်ပြီဟေ့..။ ကောင်းတယ် ဆက်လုပ်ထား….။

Comment #2

ဆက်လုပ်ဖို့တောင်အားမရှိတော့ပါဘူးအကိုရယ် …
ချစ်သူကစိတ်ကောက်နေလို့ဗျ ….တိုင်ပတ်နေတယ် ….ဟူးးးးးးး

commentinfo By: chityellusoelay at Jul 20, 2011
Comment #3

ဟ ဘာပြောလိုက်တာလဲ….။ ခေါင်းမူသွားပြီ…။

Comment #4

အာ ..အကိုကလဲပေါက်ကရမတွေးနဲ့လေဗျာ …
လူဆိုးပြောတာက …စိတ်ကောက်နေလို့လွမ်းဖို့တောင်
အချိန်မရှိတော့ဘူးလို့ပြောတာ …. ချော့နေရလို့ … 🙂

commentinfo By: chityellusoelay at Jul 20, 2011
Comment #5

သြော် ရင်အောင်ပြောလေ လူဆိုးရ…၊ မရှင်းမရှင်းလုပ်တော့ တစ်မျိုးဖြစ်ပြန်ပဟ…။

Comment #6

လူဆိုးကပြောတာကတစ်မျိုးပါနော် ….အကိုကအတွေးမချော်နဲ့လေဗျာ … 🙂

commentinfo By: chityellusoelay at Jul 20, 2011
Comment #7

ဖြေဆေးကတော့ ……

နာကျင်တဲ့ “ အလွမ်း” တွေကို …ကြင်နာတဲ့

ချစ်သူရဲ့ ..“ အနမ်း” ပေါ့ ….ချစ်သူရယ် …
လူဆိုး..အဲဒီနည်းအကောင်းဆုံးပဲ..

commentinfo By: poem.poem28 at Jul 20, 2011
Comment #8

ဟုတ်တယ်အကို ရဲမင်းရေ …
ခုတော့ဝေးနေလို့ပေါ့နော် ..ဟွန့်
ပြန်တာရောက်လို့ကတော့ …လွမ်းနေရတာတွေပေါင်းပြီး
အသကုန်ကိုနမ်းပလိုက်မယ် ….ဟိဟိ

commentinfo By: chityellusoelay at Jul 20, 2011
Comment #9

a me lay.
pa loak toat.
ha..ha..

commentinfo By: ei lay at Jul 27, 2011
Comment #10

🙂

commentinfo By: chityellusoelay at Jul 27, 2011
Comment #11

he,,he,,

commentinfo By: ei lay at Jul 27, 2011
Comment #12

hal hal .. 🙂

commentinfo By: chityellusoelay at Jul 27, 2011
Comment #13

d phyaay say le ma soe bu,,
kwi,,kwi,,

commentinfo By: ei lay at Mar 5, 2012
Comment #14

😛
😛
😛
😛
😛

commentinfo By: ei lay at Jul 3, 2012
Comment #15

😛
😛

commentinfo By: ei lay at Nov 2, 2012
Comment #16

Big smile

commentinfo By: ei lay at Dec 15, 2012
Comment #17

Yeah,,,

commentinfo By: ei lay at Jan 26, 2013
Comment #18

🙂

commentinfo By: ei lay at Feb 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment