Professional Authors

မဝေးတဲ့ …. တစ်နေ့ ( လူဆိုး )

စပယ်တစ်ပွင့်လိုဖြူစင်တဲ့ …. ချစ်သူရေ

ဒီမှာတော့မိုးဖွဲလေးတွေ တစ်ဖျောက်ဖျောက်နဲ့ပေါ့

ပြီးရင် …. ချမ်းအေးတဲ့ဆောင်းရာသီနဲ့အတူ

နှင်းလေးတွေ  တစ်ဖွဲဖွဲ  ကျလာလိမ့်မယ်

ချစ်သူရဲ့ အနားမှာ ကိုမရှိတော့

အားငယ်နေမှာ စိုးရိမ်တယ် …ချစ်သူ

ဒါပေမဲ့  … ချစ်သူရေ

နှလုံးသားကိုရင်းပြီး ချစ်လို့

လွမ်းနေရတဲ့  “ အလွမ်း ” တွေ

အနောက်တောင်မုတ်သုံလေရဲ့

တိုက်ခတ်လာတဲ့ လေခပ်ပြင်းပြင်းလေးတွေ

အဲဒါတွေ အားလုံးနှင့်အတူ

“ အလွမ်းပြေ ” အဖြစ် အနမ်းလေးတွေ

လက်ဆောင်ထည့်ပေးလိုက်မယ်နော် ….. ချစ်သူ

အမြတ်တနှိုးနဲ့ရှု

အမှတ်တရလေးသိမ်းထားနော် … ချစ်သူ

ချစ်သူရဲ့အနားမှာ ကိုမရှိပေမဲ့

ကို့နှလုံးသား တစ်ချက်ခုန်တိုင်းမှာ

ချစ်သူကို သိရနေပါတယ် ..

အဝေးတစ်နေရာရောက်နေပေမဲ့

လေပြေတွေရဲ့သယ်ဆောင်မှုနဲ့အတူ

ကို့ရဲ့ ကိုယ်သင်းရနံ့လေးကို ရှုရှိုက်နှိုင်ပါစေ …ချစ်သူ

ကျေးငှက်ကလေးတွေသီဆိုတဲ့ အချစ်သီချင်းနဲ့အတူ

ချစ်သူရဲ့ဘဝလေး သာယာပျော်ရွှင်ပါစေ …

ပန်းတို့ရဲ့ ဂုဏ်သတင်းနဲ့အတူ

ချစ်သူရဲ့သတင်းတွေအမြဲတမ်းမွှေးပျံ့ပါစေ …

လမင်းရဲ့ ဖြူစင်မှုနဲ့အတူ

ချစ်သူရဲ့ ဘဝလေး ဖြူစင်ပါစေ ….

စမ်းချောင်းက စမ်းရေပမာ

ချစ်သူရဲ့ ဘဝလေး အေးချမ်းပါစေ …… လို့

အဝေးတစ်နေရာကနေ .. ဆုတောင်းရင်း

“ ကြိုလင့်ပါတော့ … ချစ်တဲ့သူ

မဝေးတဲ့တစ်နေ့ ကို့ရဲ့အချစ်တွေ

ရင်ဝယ်ပိုက်လို့ …ချစ်သူရဲ့ရှေ့မှောက်

အခစားဝင်ရောက်ပါ့မယ် ”…. ချစ်တဲ့သူ …။။။။။

In: ကဗျာ Posted By: Date: Jul 21, 2011
Comment #1

ဒါပေမဲ့ … ချစ်သူရေ

နှလုံးသားကိုရင်းပြီး ချစ်လို့

လွမ်းနေရတဲ့ “ အလွမ်း ” တွေ

အနောက်တောင်မုတ်သုံလေရဲ့

တိုက်ခတ်လာတဲ့ လေခပ်ပြင်းပြင်းလေးတွေ

အဲဒါတွေ အားလုံးနှင့်အတူ

“ အလွမ်းပြေ ” အဖြစ် အနမ်းလေးတွေ

လက်ဆောင်ထည့်ပေးလိုက်မယ်နော် ….. ချစ်သူ

commentinfo By: May Kha at Jul 21, 2011
Comment #2

အမြတ်တနှိုးနဲ့ရှု ..
အမှတ်တရလေးသိမ်းထားနော် …ချစ်သူ …ဟိဟိ

commentinfo By: chityellusoelay at Jul 21, 2011
Comment #3

ချစ်သူကို သိရနေပါတယ် ….။

Comment #4

အမ် …လူဆိုးကသတိရလို့ရေးထားတာလေအကိုရဲ့ ..
အကိုကပါရောပီးသတိရသွားတာလား …. 🙂

commentinfo By: chityellusoelay at Jul 22, 2011
Comment #5

လမင်းရဲ့ ဖြူစင်မှုနဲ့အတူ

ချစ်သူရဲ့ ဘဝလေး ဖြူစင်ပါစေ ….

စမ်းချောင်းက စမ်းရေပမာ

ချစ်သူရဲ့ ဘဝလေး အေးချမ်းပါစေ …… လို့

အဝေးတစ်နေရာကနေ .. ဆုတောင်းရင်း
လူဆိုး….အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 22, 2011
Comment #6

ကျေးဇူးပါကိုရဲမင်းရေ … လူဆိုးရဲ့လိုအပ်နေတဲ့နေရာများရှိခဲ့ရင်လည်း
ထောက်ပြလမ်းညွှန်ပေးစေချင်ပါတယ် …လူဆိုးကိုလည်း …ညီတစ်ယောက်လိုသဘောထားပီးဆက်ဆံပေးပါလို့ …
တောင်းဆိုပါတယ်ဗျာ … 🙂

commentinfo By: chityellusoelay at Jul 22, 2011
Comment #7

nice.
remember everytime.

commentinfo By: ei lay at Jul 27, 2011
Comment #8

thank u so much 🙂

commentinfo By: chityellusoelay at Jul 27, 2011
Comment #9

အင်း ..လူဆိုး ..ဒီကဗျာကမှရင်ထဲကိုထိတာ ..

commentinfo By: သက်ထား at Aug 7, 2011
Comment #10

ဟုတ်ကဲ့ …ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

commentinfo By: chityellusoelay at Aug 7, 2011
Comment #11

inn,,,,
hote par de lay.
ma way de ta nae pop.

commentinfo By: ei lay at Aug 15, 2011
Comment #12

That right .. 😛

commentinfo By: chityellusoelay at Aug 15, 2011
Comment #13

နှလုံးသားကိုရင်းပြီး ချစ်လို့

လွမ်းနေရတဲ့ “ အလွမ်း ” တွေ

အနောက်တောင်မုတ်သုံလေရဲ့

တိုက်ခတ်လာတဲ့ လေခပ်ပြင်းပြင်းလေးတွေ

အဲဒါတွေ အားလုံးနှင့်အတူ

“ အလွမ်းပြေ ” အဖြစ် အနမ်းလေးတွေ

လက်ဆောင်ထည့်ပေးလိုက်မယ်နော် ….. ချစ်သူ

commentinfo By: kyalsinlaye at Jun 12, 2012
Comment #14

Mi@ssssss@

commentinfo By: ei lay at Sep 9, 2012
Comment #15

Read & feel again

commentinfo By: ei lay at Sep 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment