Professional Authors

ခံစားမှုသက်သက် ( လူဆိုး )

ချစ်သူရေ . . . . . . .
ကိုတို့တစ်ယောက်လက်ကိုတစ်ေ​ယာက် မလွှတ်တမ်းဆုပ်ကိုင်ပြီး
အခက်အခဲမှန်သမျှကို ရင်ဆိုင်လိုက်ကြရအောင်. . .
ဘယ်လိုအခက်အခဲဖြစ်ဖြစ်ပေါ့နော် ချစ်သူ
ချစ်သာကို့နံဘေး အစဉ်ရှိနေရင် ကိုအရာအားလုံကို ရင်ဆိုင်ရဲတယ်။
ချစ်ယုံကြည်မျှော်လင့်ထားမှု​တွေဖြစ်လာအောင် ကိုကြိုးစားနေတယ်..ချစ်သူ..
တစ်ခါတစ်လေ အဆင်မပြေမှုတွေ အခက်အခဲတွေ
ကိုတစ်ယောက်တည်းရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ချစ်ကို တမ်းတမိတာအမှန်ပါ။
အဲဒီ့အချိန်တွေမှာ ချစ်သူရဲ့အားပေးနှစ်သိမ့်မှု​တွေ
ချစ်သူရဲ့အပြုံးလေးတွေကို ကို လိုချင်ခဲ့တယ်။
အရမ်းချစ်တယ်  …… ချစ်သူ။
ရင်ထဲ ပဲ့တင်ထပ်နေတဲ့ အသံတွေ ချစ်သေချာနားစိုက်ထောင်ကြည့်​တက်ရင်ကြားနိုင်မှာပါ။
ချစ်လက်ကိုတွဲပြီး ကိုရဲ့ကျန်ရှိနေသေးတဲ့ ဘ၀အချိန်တွေကို
ချစ်နဲ့အတူကျော်ဖြတ်နိင်အော​င် ကိုကြိုးစားနေတယ်။
အခုကိုလေ ချစ်ကိုတိုးတိုးလေးလွမ်းနေတ​ယ်. . .
တမိုးအောက်ထဲမှာနေနေပေမဲ့
တစ်ယောက်တစ်နေရာစီလေ   …. ချစ်သူ
ချစ်သူရယ် အခြေအနေအရ အချိန်တိုင်းသတိမရဖြစ်ရင်တောင်
အခုလို သတိတရနဲ့ တမ်းတနေခဲ့ရတဲ့အချိန်တွေ ကို့မှာ အများကြီးပါ။
ကိုတို့ယုံကြည်မျှော်လင့်တာ​တွေ ကိုတို့လိုချင်တောင့်တတာတွေ​ဖြစ်လာအောင်
ကိုလေ ချစ်ရဲ့အဝေးတစ်နေရာမှာကြိုးစားနေတယ်။
ယုံကြည်နေပါ ချစ်သူရယ် တစ်နေ့ ပျော်ရွှင်ခြင်းတွေအားလုံး
ချစ်သူအနားကိုယူဆောင်လာခဲ့မ​ယ်။
ကို့အပေါ်နားလည်ခြင်း ..ယြုံ​ကည်ခြင်းတွေနဲ့သာ
စောင့်နေပေးပါ    ….  ချစ်သူ
ကိုယ့်ကို သိပ်ချစ်တဲ့ ချစ်သူရေ. . .
ကို့ရဲ့ ပန်းတိုင်မဲ့နေတဲ့ဘ၀အတွက်တော့
ကို့ရဲ့ပန်းတိုင် ကို့ရဲ့နားခိုရာ ကို့ရဲ့ကမ္ဘာပေါ့။
ကို့ရဲ့ အနာဂတ်တွေ အားလုံး
ချစ်သူရဲ့လက်ထဲကိုအပ်နှံထားတယ် ….  ချစ်သူ
ချစ်ကိုချစ်တဲ့စိတ် ချစ်ကိုတန်ဖိုးထားမြတ်နိုးတဲ့စိတ်နဲ့
အဲဒီစိတ်နဲ့ဒီကမ္ဘာမြေကြီးရဲ့အပေါ်မှာ
ကိုရပ်တည်နေတဲ့တစ်ခုတည်းသော​ အကြောင်းအရင်းပါ။
ကို့ဘဝဟာချစ်ဖြစ်သလို ချစ်ဘဝကိုလည်း ကိုပဲဖြစ်စေချင်တယ်။
ချစ်သူစေရာ ကိုနေပါမယ် ချစ်သူလိုရာ ကိုဖြည့်ဆည်းပေးချင်တယ်။
ဒါဟာ ကိုချစ်အပေါ်ထားတဲ့စိတ်တစ်ခု​ပါ။
ချစ်သူရယ် ဘယ်လိုအရာတွေကများ
ကိုတို့နှစ်ယောက်ကို အဝေးဆုံးဝေးလွင့်အောင် ဖန်တီးနိုင်စွမ်းမှာလဲကွာ. . .။
အရာအားလုံးကို ရင်ဆိုင်ပလိုက်မယ် ချစ်သူရယ်
ကိုဟာ ချစ်ကိုချစ်တဲ့ စိတ်တစ်ခုနဲ့ ချစ်သူအနားရောက်အောင်လာခဲ့မ​ယ်။
ချစ်သူ. . .ချစ်အတွက် ကို ဒီလောကကြီးထဲ ရှင်သန်နေတယ်. . .။
ချစ်အတွက် ကို့ရဲ့အိပ်မက်တွေထုဆစ်နေတယ်. . .။
ချစ်အတွက် ကို့ရဲ့ ပျော်ရွှင်ခြင်းတွေသာ ယူဆောင်လာမယ်. . .။
ချစ်အတွက် ကို့ရဲ့သစ္စာတရားတွေ ဘယ်တော့မှ မညှိုးနွမ်းဘူး. . .။
ချစ်အတွက် ကို့ရဲ့အချစ်တွေ ဘယ်တော့မှ ဟောင်းနွမ်းမသွားစေရဘူး ..။
ချစ်သူ… ချစ်အတွက်သာ ကိုဒီလောကကြီးထဲ လူဖြစ်လာခဲ့တာပါ. . .။
ချစ်သူ…ဒီလိုနဲ့ပဲ တစ်နေကုန်လို့ တစ်မိုးသောက်
ချစ်သူနဲ့တွေ့ဖို့ဆိုတဲ့ “ တစ်နေ့” ဆိုတာကြီးက
ကိုတို့ရဲ့ မဝေးတော့တဲ့ လက်တစ်ကမ်းကိုရောက်နေပါပြီ …. ချစ်သူ ။

In: Others Posted By: Date: Jul 7, 2011
Comment #1

har,,,,
r: tway a myar g shi twar p.

commentinfo By: ei lay at Jul 27, 2011
Comment #2

မအာပါဘူးနော် … ချစ်လို့ပါဗျ … 😛

commentinfo By: chityellusoelay at Jul 28, 2011
Comment #3

hin,,,
what’s wrong with u,fri?
he,,he,,
i mean ur poem encourages me loh.

commentinfo By: ei lay at Jul 28, 2011
Comment #4

အော် … ဂလိုလား ..သိပါဘူးလေ ..လူဆိုးကိုများပြောတာလားလို့ …ဟိဟိ

commentinfo By: chityellusoelay at Jul 29, 2011
Comment #5

😛
😛
😛
😛
😛

commentinfo By: ei lay at Jul 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment