ဆွေး စိတ်
အိမ်မက် မက်နေတယ်
တစ်ရေးနိုးတော့ ည သန်းခေါင်
လမင်းက ပြည့်ပြည့် ဖြိုးဖြိုး
လေပြေက ညင်သာစွာပွတ်သပ်
ညမွှေးပန်းရနံ့ သင်းပျံ့ပျံ့နဲ့
ငါ့နှလုံးသားကို
တံခါး ခေါက်သံလေးပေးသွားသူ။
အိမ်မက်မက်နေတုံးပဲ
ဟထားတဲ့ တံခါးပေါက်က
သူ ………….. တိုးဝင်လာချိန်
လောကမှာ မင်းလောက်အရေးကြီးတာ
တန်ဖိုးရှိတာ
အသက်ဝင်တာ
နူးညံ့သောအရာ
သက်ဝင်လှုပ်ရှားစေတ
ဘာမှမရှိ …….ငါ့အတွက်။
နှလုံးသားလည်းကျေမွှ စိတ်တဇလည်းဖြစ်ရ
တန်ဖိုးထားတဲ့အရာ တစ်ခုမှ
မပိုင်ဆိုင်နိုင်တော့ တဲ့ ဒီ…….ည။
Comment #2
damn right
By: ei lay at May 25, 2013




Comment #1
ပိုင်ဆိုင်ရတဲ့ညတွေရောက်လာမှာပါ