Professional Authors

နောက်ကွယ် (၂)

ဘ၀….
ဘ၀…နဲ့
ပိတ်ပိတ်ရွတ်နေတဲ့အသံတွေ…။
တဒင်္ဂနဲ့
ပျောက်ပျက်သွားလိုက်ပုံက
ဆပ်ပြာပူဖောင်းလို….။
အမှားများများ
အမှန်နည်းနည်း
ရောမွှေထားတဲ့
မျှတခြင်းက
အညတရတွေရဲ့ဘ၀အလယ်
ခေါင်းမော့ရင်ကော့လျက်….။
တရားပြပေမယ့်…
မတရားကျတာတွေ ရှိသလို
အနေအထားမလှပေမယ့်
သဘာဝကျတာတွေရှိတယ်….။
ခေတ်မီဖွံ့ဖြိုးမှု နောက်ကွယ်
တိုးတက်လာပါတယ်
မျိုးမစစ်တဲ့ ယဉ်ကျေးမှုတွေ…..
လျော့ကျလာပါတယ်
ရိုးသားဖြူစင်တဲ့ စိတ်ဓာတ်တွေ….။
ကာလာတွေစုံလာတော့
အဖြူက ဖြူခွင့်မရဘူး…
ကိုယ်တိုင် ဖောက်ထုတ်တဲ့
သွေးတောင် မရဲတရဲ….။
နုံချာမှုတွေကြောင့်လား….
ပုံစံမတူမှုတွေကြောင့်လား…..
အတွေးတွေကလည်း မရိုးရှင်းပြန်ဘူး…..။
လောကဇာတ်ခုံပေါ်မှာ
အညတရတွေက
ဇာတ်ပို့ဖြစ်လိုက်…
ဇာတ်ရန်ဖြစ်လိုက်…
မင်းသားဖြစ်လိုက်….
ဗီလိန်ဖြစ်လိုက်….။
အတည်တကျမဖြစ်တဲ့
ဘ၀တွေအလယ်-
ချောင်းမြောင်းနေတဲ့
ကုန်ဈေးနှုန်းတွေ….
ဖိနှိပ်ချင်နေတဲ့
အသိုင်းအ၀ိုင်းတွေ …..။
လုပ်သလို မဖြစ်တဲ့အခါ
ဖြစ်သလို လုပ်လာတဲ့
အခြေအနေတွေ….
ဖြစ်ချင်တာတွေနဲ့
ဖြစ်နေတာတွေကလည်း
တေ့လွဲတွေများတာတယ်….။
ရေလိုက်ငါးလိုက်နဲ့
ဘ၀ကို …..
စုန်ချည်ဆန်ချည်ကူးရင်း
ပေါ်လိုက်မြှုပ်လိုက်နဲ့
ဗေဒါလို
အံကိုခဲရင်း…
တိတ်တိတ်ကလေး
ကူးခက်နေလိုက်တာ
အချိန်ကြာတော့ လဲ
ဘ၀ပင်လယ်ကျယ်မှာ
အလိုက်သင့်…
မျောလိုက်နေရတာ များတယ်။

In: ကဗျာ Posted By: Date: Nov 7, 2011
Comment #1

ညီမရေ……….. ကောင်းလိုက်တဲ့………. မော်ဒန် ခံစားချက်တွေ
အားပေးမှု အပြည့်နဲ့ ဆက်လက် ကြိုဆိုနေပါတယ်…
http://www.myatminnpoem.blogspot.com

Comment #2

ကောင်းတယ်ဗျ…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 8, 2011
Comment #3

hote de naw

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment