Professional Authors

ပြဿနာ

ပြဿနာ

တကယ်တော့အားလုံးဟာ
စောက်သုံးမကျတာချည်းပဲ
မိုးသက်ဟန်ပြောသလို ချိုကျိုးနားရွက်ပဲ့တွေပဲ…။
တကယ်တော့အားလုံးဟာ
လွဲမှားနေတာချည်းပဲ
ရယ်တာလား ငိုတာလား ပြုံးတားလား မဲ့တာလား မကွဲဘူး…။
တကယ်တော့အားလုံးဟာ
ဘာဆို ဘာမှ မဟုတ်တာတွေပဲ
ဒီကြားနေရတဲ့ သီချင်းသံကော် ဒီကဗျာကော်
ဒီကဗျာကိုရေးနေတဲ့ သတ်မှတ်ချက်ပျောက်သတ္တ၀ါကော်
သူ့ကိုကဗျာရေးစေတဲ့အကြောင်းတရားတွေကော်
တကယ်တော့အားလုံးသိကြသလိုပဲ
အားလုံးမသိကြဘူးပေါ့…။

မြေနံ့

In: ကဗျာ Posted By: Date: Jul 17, 2011
Comment #1

ကောင်းပါတယ် ။။

commentinfo By: chityellusoelay at Aug 20, 2011
Comment #2

အစကဖတ်လိုက်တာ သိလိုလိုပဲ.. အဆုံးရောက်မှ မသိသလိုလိုဖြစ်နေတယ်.. 😛
ဆက်ရေးပါ… ကောင်းပါတယ်…

လေးစားလျက်
မင်းကိုချစ်တဲ့သူ

Leave Comments

Name*

Email*
Website
Email me whenever there is new comment