Professional Authors

ဒီကဗျာပြီးသွားတဲ့ အခါ(မင်းလူန)

တစ်ခါတစ်လေ
ဘာမှရှိမနေခြင်းကပိုပြီးပြည့် စုံတယ်
ဒီကဗျာပြီးရင်
နောက်တစ်ပုဒ်အတွက်
ဂျက်လန်ဒန်ဝယ်မယ်
အိုစမာဘင်လာဒင်ကိုသမိုင်းစာမျက်နှာပေါ်ကနေကန်ချမယ်
ကျုပ်ကအသက်ရဲရဲရှူရဲတဲ့ နေ့ ဆိုတာ
ပဲပြုတ်သည်ကြီးနေမကောင်းတဲ့ နေ့ ဆိုတာကို
သိထားပေးပါ။။။။။။။။။။။။။။။။။။
ကျုပ်သောက်မဲ့ ရေအိုးစဉ်ဟာ
ဘယ်တုံးကမှရေမရှိဘူး
ဒီကဗျာပြီးရင်
နောက်တစ်ပုးဒ်အတွက်
ချစ်သူတစ်ယောက်ထားမယ်
ကျုပ်တို့ ဆီကအဆင့် မြင့် တဲ့ ဟိုတယ်တစ်ခုမျာ
ဧည့် ခံပွဲလုပ်ပြီး
အီကွေတာမျဉ်းနဲ့ ဝေးတဲ့ နေရာတွေကို
ဟန်းနီးမွန်းထွက်မယ်
လူတစ်ယောက်ရဲ့ စာမျက်နှာဆိုတာ
ဘာမှမရေးသမျှကာလပတ်လုံး
အဲ့ ဒီလူဟာအနာဂါတ်အတွက်
တာဝန်မဲ့ နေတက်တယ်။။။။။။။။။။။။။။။။
ဒီကဗျာပြီးရင်နောက်တစ်ပုဒ်အတွက်
သက်ပြင်းမချတက်အောင်
ကျင့် မယ်။။။။။။
သစ်ပင်တစ်ပင်စိုက်မယ်
နှောင်လာနှောင်သားတွေအတွက်ပေါ့ 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။မင်းလူန

In: ကဗျာ Posted By: Date: May 7, 2011
Comment #1

ဒီကဗျာလေးကို..အရမ်းကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Jul 1, 2011
Comment #2

လူတစ်ယောက်ရဲ့ စာမျက်နှာဆိုတာ
ဘာမှမရေးသမျှကာလပတ်လုံး
အဲ့ ဒီလူဟာအနာဂါတ်အတွက်
တာဝန်မဲ့ နေတက်တယ်……………………

commentinfo By: Phoo at Jul 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment