Professional Authors

မသိခြင်း များ နဲ့ ပွင်.နေတဲ့ ………………..

ရွေ.လျားနေသော
မပြောင်းလဲခြင်းများဖြင်.
ဆည်းဆာရောင်တီမ်တိုက်တို.
သဲ မဲ စွာ ဖြင်.
အငြိုးဆင်နေကြသည်။

ထိုနေ.က
မိုး နှင်. အတူ
ပျောက်ဆုံးနေသော
ကျွန်ုပ်၏…………………..
ပြန်ရှာတွေ.ခဲ့သည်။

အလွမ်းဆိုသည်မှာ
အချစ်ကစသည်
ယီမ်းနွဲ့နေသော
မြက်ပင်ရှည်များကြောင်.
မမြင်ရသောလေများ
တိုက်နေသည်ဟု
မှတ်ယူကြ ၏။
ထို.နည်းတူ

ကဗျာတစ်ပုဒ်
ဆင်နေ၏
ဦးနှောက်ထက်တွင်
အလွမ်းများဖြင်. ။

လောက သည်
တိုးညှင်းသော
ရယ်သံဖြင်.
လှောင်ပြောင် ပျက်ရယ် ပြုလေပြီ
အိပ်မက်တွင်
ပွင်.ခဲ့သော
နှင်း ပန်း တစ်ပွင်.သည်
အပြင်လောက တွင်
ဝေကကျ မြေခ နေ၏ ။

သို.သော်
…………………………………………

အရာရာတိုင်းသည်
တိတ်ဆိတ်နေ၏
ငြီမ်သက်နေ၏
ဟုတ်ပါသည်
တိတ် ဆိတ် နေ ၏
ငြီမ် သက် နေ ၏

ထိုနေရာ
တစ်ဝိုက်တွင်
…………………………………………..
ထိုနေ.က
မုန်တိုင်း တစ်ခု
တိုက် ခတ် သွား သည်။

မငိုကြွေး ကြပါနဲ့
ငါ ကိုယ် တိုင်ချတဲ့
ငါ. ရဲ့ ဈာပန အတွက်
 
အိပ်မကိများကို
ရေးသား ရ်ျ
အချစ်များကို
သဂြိုလ် ထားသော
စာအုပ်တစ်အုပ်
အနာ ဂတ်တွင်
မျောလာ၏

ထိုထဲတွင်မူ
အတိတ် နံ့ များရော ယှက်ထားသော
သဲ ရနံ့ ဆန်ဆန် နှင်.
နှင်း  ပန်း  တစ်ပွင်………………………….

သြော်
နှင်း  ပန်းတွေ တောင် ပြန်ပွင်.နေပြန်ပြီ
……………………………………………….
                                                        ridd

In: ကဗျာ Posted By: Date: Sep 11, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

အားပေးသွားတယ်……။
ရေးထားတဲ့ပုံစံလေးမိုက်တယ်…။

commentinfo By: terry at Sep 11, 2011
Comment #3

အလွမ်းဆိုသည်မှာ
အချစ်ကစသည်
ယီမ်းနွဲ့နေသော
မြက်ပင်ရှည်များကြောင်.
မမြင်ရသောလေများ
တိုက်နေသည်ဟု
မှတ်ယူကြ ၏။

commentinfo By: May Kha at Sep 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment