Professional Authors

“မျက်ရည်တွေ နင်ပျော်ဖို့အတွက် ကျပါစေ”

ဟန်ဆောင် လိမ်ညာခဲ့တာတဲ့
ရပါတယ်.. 
အကြင်နာတွေ အစစ်မဟုတ်ခဲ့ဘူးတဲ့
ရပါတယ်…
အိပ်မက်တစ်ခု ဖန်ဆင်းပေးခဲ့ရုံတဲ့
ကျေနပ်ပါတယ်….
အချစ်ဆိုတာ ကံမကောင်းတဲ့သူတွေအတွက်တဲ့
ငါကံမကောင်းခဲ့ဘူးတဲ့လား..
သူ့ရင်ခွင် အသစ်ဝင်ဖို့ 
လမ်းဖယ်ပေးခဲ့ပါတယ်..
ရယ်စရာမကောင်းတဲ့
ပေါ့ပျက်ပျက် ပြက်လုံးတစ်ခုအတွက်
နှလုံးသားတစ်ခု စုတ်ပြတ်သပ်သွားတယ်
ချစ်ခဲ့ဖူးသူရေ ခွင့်လွှတ်ပါတယ်…
နာကျည်းတော့ရော
ဘာထူးလာမှာလဲ..
မုန်းတီးတော့ရော
ငါ့နှလုံးသား ပြန်မရှင်တော့ဘူး..
ဒါပေမယ့်
ငါအနှစ်နှစ်အလလ ပျိုးခဲ့တဲ့
အချစ်စစ်တစ်ခုကတော့
မင်းဘယ်လိုချိုးချိုး ကျိုးမယ်မထင်နဲ့…
မင်းပျော်ဖို့ ငါ့မျက်ရည်တွေ 
စတေးရလည်း ကျေနပ်ခဲ့တယ် ချစ်ဦးသူ။          ။

Snowflake
04.08.11 (13.14 pm GMT)  
 
P.S: ကဗျာခေါင်းစဉ်ကို ဒီဖြိုးရဲ့ နင်ပျော်ဖို့အတွက် သီချင်းမှ မီငြမ်းပါသည်။ 

In: ကဗျာ Posted By: Date: Aug 4, 2011
Comment #1

really nice.

commentinfo By: eilay at Aug 4, 2011
Comment #2

first love….
first love….
first love…always .make me feel hurt.
make me b fool.

commentinfo By: eilay at Aug 4, 2011
Comment #3

အရမ်းကောင်းတယ်..

commentinfo By: songmoezin at Aug 5, 2011
Comment #4

မုန်းတီးတော့ရော
ငါ့နှလုံးသား ပြန်မရှင်တော့ဘူး..
ဒါပေမယ့်
ငါအနှစ်နှစ်အလလ ပျိုးခဲ့တဲ့
အချစ်စစ်တစ်ခုကတော့
မင်းဘယ်လိုချိုးချိုး ကျိုးမယ်မထင်နဲ့…
မင်းပျော်ဖို့ ငါ့မျက်ရည်တွေ
စတေးရလည်း ကျေနပ်ခဲ့တယ် ချစ်ဦးသူ။ ။
အားပေးသွားပါတယ်…..ကဗျာတိုင်းကောင်းတယ်ဗျာ……။

commentinfo By: ကေသရီ at Aug 5, 2011
Comment #5

ငါအနှစ်နှစ်အလလ ပျိုးခဲ့တဲ့
အချစ်စစ်တစ်ခုကတော့
မင်းဘယ်လိုချိုးချိုး ကျိုးမယ်မထင်နဲ့…
ကြိုက်တယ် အဲ စာသားကို

Comment #6

ငါအနှစ်နှစ်အလလ ပျိုးခဲ့တဲ့
အချစ်စစ်တစ်ခုကတော့
မင်းဘယ်လိုချိုးချိုး ကျိုးမယ်မထင်နဲ့…
မင်းပျော်ဖို့ ငါ့မျက်ရည်တွေ
စတေးရလည်း ကျေနပ်ခဲ့တယ် ချစ်ဦးသူ။ ။
ကြိုက်တယ်ဗျာအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 6, 2011
Comment #7

ကောင်းပါတယ်….ခံစားချက်တွေထပ်တူကျလို့  ခ့စားရပါတယ်………
အားပေးလျှက်

commentinfo By: minratha at Aug 8, 2011
Comment #8

ကောင်းပါတယ်….ခံစားချက်တွေထပ်တူကျလို့  ခံစားရပါတယ်………
အားပေးလျှက်

commentinfo By: minratha at Aug 8, 2011
Comment #9

အရမ်းကောင်းတဲ့ ကဗျာလေးနော်…ခံစားချက်တွေ ထပ်တူကျပါတယ်..
အရမ်းလည်းကြိုက်ပါတယ် အားပေးသွားပါတယ်နော်…

commentinfo By: မြတ်နိုးမွန် at Mar 23, 2012
Comment #10

be thu tar tar nout ma soke bu…
be thu phyat phyat ma pyat bu…
bar pe phyit phyit set chit nay me,..
bar tway phyit phyit lone wa ga u ma sike bu,

commentinfo By: ei lay at Mar 23, 2012
Comment #11

read again & cry again.

commentinfo By: ei lay at May 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment