Professional Authors

ဗေဒါလမ်း (၂၉) – ကြံဖန်ရ (ဇော်ဂျီ)

သက်လာတဲ့ရေ ၊ တောင်လေကဖမ်း။
ရေပြင်မှာ လေဝင်စိုင်း၊ လှိုင်းကြက်ခွပ်လမ်း။

ဒီလှိုင်းကလေသဟာ၊ ဗေဒါက ရေသမား။
ဗေဒါခင်စုန်ချင်အား၊ ဒီလှိုင်းကတား။

ဒုက္ခဟဲ့ မဗေဒါ။
လှိုင်းပုတ်ပြန် ဆုတ်ဟန်ပြ၊ ဆင်းရသူ့မှာ။
ဆုတ်ရင်းလဲ သူဆင်းလာ၊ မြင်ပါပေါ့ပင်လယ်ဝ။
ရေစုန်လေဆန်မို့
ဗေဒါပျံ ကြံဖန်ရ၊ ချောင်းဒီလောက။ ။

ဇော်ဂျီ

Leave Comments

Name*

Email*
Website
Email me whenever there is new comment